HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းတည်ဆောက်ရေးတွင်ချင်းပြည်နယ်အစိုးရမှ ကျပ်သန်း ၁၂၀၀ စိုက်ထုတ်မည်

ဖလမ်း၊ စက်တင်ဘာ ၂၆- ချင်းပြည် နယ် ဖလမ်းမြို့အနီး တည်ဆောက် နေသည့် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေးတွင် ၂၀၁၇-၂၀၁၈ ဖြည့်စွက်ရန်ပုံငွေတွင် ဘတ်ဂျက်ပါ ဝင်ခဲ့ခြင်းမရှိသည့်အတွက် ချင်းပြည် နယ်အစိုးရအဖွဲ့မှ ကျပ်သန်း ၁၂၀၀ ကို စိုက်ထုတ်သုံးစွဲ တည်ဆောက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ် ဦးက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။  "၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှာ နိုင်ငံတော်ကနေ ကျပ်သန်း ၂၀၀ အသုံးပြု တည်ဆောက်နေတာ ဖြစ်ပြီး ယခု ချင်းပြည်နယ်အစိုးရ က စိုက်ထုတ်သုံးစွဲထားတယ်ဆိုပေ မယ့် ခေတ္တသုံးစွဲထားရတဲ့သဘော ပါ။ နောက်လာမယ့် ဘတ်ဂျက်မှာ ပြည်ထောင်စု အစိုးရထံ တင်ပြပြီး ပြန်လည်ထုတ်ယူရမှာ ဖြစ်ပါတယ်။ လောလောဆယ် စိုက်ထုတ်သုံးစွဲမှု မရှိရင် လုပ်ငန်းရပ် ဆိုင်းရမယ့် သ ဘောဖြစ်ပါတယ်။ လုပ်ငန်းလည် ပတ်မှု အပြီးသတ်နိုင်အောင် အစား ထိုး စိုက်ထုတ်သုံးစွဲတာမျိုး ဖြစ်ပါ တယ်" ဟု ၎င်း ကပြောကြား သည်။

ဆက်လက်ဖတ်ရှုရန် ...

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် လူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ငြိမ်းချမ်းရေးဂီတဖျော်ဖြေပွဲ နေပြည်တော် ပျဉ်းမနားမြို့၌ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၄-ပျဉ်းမနားမြို့လူငယ်ကွန်ရက် မှကြီးမှူး၍ပျဉ်းမနားမြို့နယ်ပညာ ရေးမှူးရုံး မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ပျဉ်းမနား) နေပြည် တော်ကောင်စီ ၀ိုင်အမ်စီအေ အသင်းနှင့် ကရင်ဖြူလူငယ်ကွန် ရက်တို့ပူးပေါင်း၍ ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့အထိမ်းအမှတ် လူငယ်နှင့် ငြိမ်း ချမ်းရေးစကားဝိုင်းနှင့် ငြိမ်းချမ်း ရေးဂီတဖျော်ဖြေပွဲကို စက်တင် ဘာ ၂၄ ရက် မွန်းလွဲပိုင်းက ပျဉ်း မနားမြို့ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကြည်ညွန့်က " တစ်ကမ္ဘာလုံးမှာရှိနေတဲ့ ငြိမ်းချမ်း ရေးဟာ နိုင်ငံအသီးသီးအတွက် အရေးကြီးပြီး တစ်ကမ္ဘာလုံး ငြိမ်း ချမ်းရေးဟာ အခုမှလုပ်တာမဟုတ် ဘဲ ယခင်ကတည်းကလုပ်လာခဲ့ တာ ယခုအချိန်အ ထိလည်း ငြိမ်း ချမ်းရေးရအောင် ကြိုးစားနေရတဲ့ အခြေအနေမျိုးမှာရှိတယ်။ အနာ ဂတ်ကမ္ဘာကြီးဟာ ဘယ်လိုကမ္ဘာ ကြီးမျိုးဖြစ်မလဲဆိုတာ ကို ပိုင်ဆိုင် တာက လူငယ်တွေပဲ။ အဲဒီတော့ လူငယ်တွေကိုယ်တိုင်က လုံ့လ စိုက်ထုတ်ဖို့လိုတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ အထူးသဖြင့် ဒီလိုနေရာဒေသမှာရှိတဲ့ လူငယ် တွေကတစ်စုတစ်ဖွဲ့တည်းမဟုတ် ဘဲ ပေါင်းစုပြီးတော့စတင်ဆောင် ရွက်တဲ့ပွဲပေါ့။ ဒီလိုလုပ်တာအင် မတန်မှ ကြိုဆိုရမယ့်အနေအထား ဖြစ်သလို မြန်မာနိုင်ငံရဲ့အနာဂတ် အတွက် အင်မတန်မှအရေးပါ အရာရောက် တဲ့ အခန်းကဏ္ဍတစ် ခုဖြစ်ပါတယ်။ ဒီနေ့ကို တကယ့်ငြိမ်း ချမ်းရေးနေ့အဖြစ် အသိအမှတ် အထိမ်းအမှတ်ပြုပြီးတော့ ဒီနေ့ မှာ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ လူထု ပညာပေးရေးလုပ်ငန်းရပ်တွေကို လည်း နိုင်ငံအသီးသီးကလုပ်ကြပါ လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက တိုက် တွန်းထားတာကြာပြီ။ ဒါကြောင့် အဲဒီလိုတိုက်တွန်းချက်နဲ့လိုက် လျောညီထွေဖြစ်တဲ့ ဒီနေရာမှာ လုပ်တဲ့ အခမ်းအနားကအင်မတန် မှ ဂုဏ်ယူစရာကောင်းတဲ့အခမ်း အနားဖြစ်လို့ မြန်မာနိုင်ငံတစ်နံ တစ်လျားမှ လူငယ်တွေလုပ်သင့် သလို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း လိုက်ပါဆောင်ရွက်ပြီးလုပ်သင့် တဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ် " ဟုပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေးတောင်ပေါ်သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များတက်ရောက်ကြေး တိုးမြှင့်ကောက်ခံရန် စီစဉ်နေ

မန္တလေး၊ စက်တင်ဘာ ၂၃- ရှေး ဟောင်းသမိုင်းဝင် မန္တလေးတောင် ပေါ်သို့ နိုင်ငံခြားသား ခရီးသွားဧည့် သည်များအနေဖြင့် မန္တလေးမြို့၏ နေဝင်ဆည်းဆာအလှနှင့် မြို့အင်္ဂါ ရပ်များအား တက်ရောက်ကြည့်ရှု မှုအတွက် ယခုကောက်ခံလျက်ရှိ သော ငွေကျပ် ၁ဝဝဝ မှ ငွေကျပ် ၃ဝဝဝ သို့ တိုးမြှင့်ကောက်ခံရန်စီ စဉ်နေကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။ ""အရင်တုန်းက ကန်ထရိုက် တွေတုန်းက ဗီဒီယိုကင်မရာခွန်ဆို ပြီး ကောက်တယ်။ ပြည်တွင်းရော၊ ပြည်ပရောပဲ။ ၂၀၁၃ ခုနှစ် ဇန်နဝါ ရီလကစပြီး ပြည်ပခရီးသွားတွေကိုပဲ ငွေကျပ် ၁ဝဝဝ ကောက်ခံတော့တယ်။ ဖုန်းတွေ ချထားပေးမှုတွေက များ လာတာကြောင့် ၂၀၁၅ ခုနှစ် နှစ် ကုန်ပိုင်းမှ စတင်ပြီးတော့ ဗီဒီယို ကင်မရာခွန် မကောက်တော့ဘူး။

ဆက်လက်ဖတ်ရှုရန် ...

ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် ဆင်စခန်းနှစ်ခုဖွင့်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၃- ရှမ်း ပြည်နယ်နှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင် ပြည်သူများလည်ပတ် နိုင်ရန်အတွက် ဆင်စခန်းအသစ်နှစ် ခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ် ရေးဌာနမှ သိရသည်။ အဆိုပါဆင်စခန်း ဖွင့်လှစ် မည့် နေရာများမှာ ရှမ်းပြည်နယ် ကလောမြို့နယ်တွင် ရိုးမဆင်စခန်း ဖြစ်ပြီး တောင်ကြီး-မိတ္ထီလာ လမ်းမ ကြီးဘေးတွင် တည်ရှိကာ မန္တလေး တိုင်းဒေသကြီးတွင် မန္တလေးမှပြင်ဦး လွင်သွားသည့် လမ်းမကြီးဘေးတွင် ဖွင့်လှစ်သွား ရန် စီစဉ်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...