HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မွန်အမျိုးသား မဟာဗျူဟာရေးဆွဲရာတွင် အမျိုးသမီးများ ဦးဆောင်ပါဝင်ရန် လိုအပ်ဟုဆို  

မော်လမြိုင်၊ မေ ၃ဝ

ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ပြန်လည်သုံး သပ်ရေးနှင့် အမျိုးသမီးများ ဦး ဆောင်မှုကဏ္ဍတွင် ပါဝင်မှုမြှင့် တင်ရေးဆွေးနွေးပွဲကို မေ ၂၉ ရက် နံနက် ၁ဝ နာရီတွင် မော်လ မြိုင်မြို့ ရာမညဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မွန် ပြည်သစ်ပါတီအထွေထွေအတွင်း ရေးမှူး နိုင်အောင်မင်းက လက် ရှိဆောင်ရွက်နေသော ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် အမျိုးသ မီးများပါဝင်မှု၊ ဦးဆောင်မှုမြင့်မား ရေးအတွက် မွန်တိုင်းရင်းသား အ မျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲများဖြေရှင်းနိုင်ရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍများတွင် ပိုမိုပါဝင်လာနိုင်ရေးကို ယနေ့ဆွေး နွေးပွဲတွင် မူဝါဒတစ်ရပ်ချမှတ် ဆောင်ရွက်ရေးနှင့် အမျိုးသမီး များအရေးကို မွန်ညီညွတ်ရေးပါတီ မှလည်း ထည့်သွင်းစဉ်းစားပေးစေ လိုကြောင်း ပြောကြားပြီး၊ မွန်ပြည် သစ်ပါတီမှ နိုင်မောင်ခိုင်က လက် ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နဗဥှ ကိစ္စများကိုလည်းကောင်း၊ မွန်ညီ ညွတ်ရေးပါတီမှ တွဲဖက်အတွင်း ရေးမှူး (၂) နိုင်စံတင်က လက်ရှိ မြန်မာနိုင်ငံရေးအပြောင်းအလဲ များနှင့် ၂ဝ၂ဝ ရွေးကောက်ပွဲကိစ္စ ရပ်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ဖြူးမြို့ ဗိုလ်ချုပ်ရင်ပြင်တွင် အာဇာနည်ကိုးဦး ကြေးသွန်းရုပ်တုများ အာဇာနည်နေ့ မတိုင်မီ စိုက်ထူမည်  

ဖြူး၊ မေ ၃ဝ

ပဲခူးတိုင်းဒေသ ကြီး တောင်ငူခရိုင်ဖြူးမြို့ လွတ် လပ်ရေးကျောက်တိုင်ကွင်းရှိ ဗိုလ် ချုပ်ရင်ပြင်တွင် ဗိုလ်ချုပ်အောင် ဆန်းမတ်တတ်ရပ်ကြေးသွန်းရုပ်တု နှင့်အတူ အာဇာနည်ခေါင်းဆောင် ကြီးများ၏ ကိုယ်တစ်ပိုင်းကြေးသွန်း ရုပ်တုများကို အာဇာနည်နေ့မတိုင် မီ စိုက်ထူထားရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါရင်ပြင်တွင် ၂ဝ၁၇ ခုနှစ်က စိုက်ထူထားရှိသော ဗိုလ် ချုပ်အောင်ဆန်းမတ်တတ်ရပ်ကြေးသွန်းရုပ်တုရှိပြီး ရုပ်တုရှိရာနေ ရာအား ဗိုလ်ချုပ်ရင်ပြင်ဟု အမည် ပေးထားရာ အဆိုပါရင်ပြင်တွင် ဗိုလ်ချုပ်အောင်ဆန်းမတ်တတ်ရပ် ကြေးသွန်းရုပ်တုနှင့်အတူ အာဇာ နည်ခေါင်းဆောင်ကြီးများ၏ ကိုယ် တစ်ပိုင်းကြေးသွန်းရုပ်တုများကို ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မတိုင်မီ အပြီးစိုက်ထူထားရှိမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

လစဉ်ထောက်ပံ့ငွေ ကျပ် ၃ဝဝဝဝ ရရှိမည့် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ သင်တန်းနှင့် လက်ရက်ကန်း သင်တန်း ဘားအံမြို့ ၌ ဖွင့်လှစ်မည်  

မြဝတီ၊ မေ ၂၉

လစဉ်ထောက် ပံ့ကြေးငွေကျပ် ၃ဝဝဝဝ ရရှိမည့် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်း ကျင်သူတစ်နှစ်သင်တန်းနှင့် လက် ရက်ကန်းခြောက်လသင်တန်းကို ကရင်ပြည်နယ်၊ ဘားအံမြို့ ရက် ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းများကို ဇူလိုင် ၁ရက်မှ စတင်ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး ချည်မျှင်နှင့်အ ထည်အလိပ်ကျွမ်းကျင်သူတစ်နှစ် သင်တန်းကို လူဦးရေ ၂ဝ နှင့် လက်ရက်ကန်းသင်တန်းကို ၁ဝ ဦး ဖြင့် လက်ခံသင်ကြားပေးသွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဖမ်းဆီးရမိပြီး တရားရုံးမှ အမှုပြီးပြတ်သော ဆိုဒီယမ်ဆိုင်ယာနိုက်များ လေလံတင်ရောင်းချ  

တာချီလိတ်၊ မေ ၂၉

တရားရုံး မှအမှုပြီးပြတ်၍ နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းရမိထားသော သက်သေခံပစ္စည်းများဖြစ်သည့် ဆိုဒီယမ်ဆိုင်ယာနိုက် ၁၈ တန် လေလံတင်ရောင်းချပွဲကို မေ ၂၉ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မ ရဲစခန်းဝင်းအတွင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အမြန်လမ်းတွင် တာဝန်ကျရဲကို ဓားဖြင့် ခုတ်သတ်ပြီး ဆိုင်ကယ်နှင့် ဖုန်း လုယက်  

ရန်ကုန်၊ မေ ၂၉

ရန်ကုန်-မန္တ လေးအမြန်လမ်းတွင် ရဲကင်းတာ ဝန်ကျ ရဲတပ်သားကို ဓားဖြင့်ခုတ် သတ်ကာ ဆိုင်ကယ်နှင့်ဖုန်းလု ယက်သွားမှု ဖြစ်ပွားခဲ့သည်။  ပဲခူးတိုင်းဒေသကြီး(အရှေ့ ပိုင်း)၊ တောင်ငူမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အ မှတ် (၁၅၂/၃ )အနီးလမ်း၏ ယာဘက်ခြံစည်းရိုးအပြင်တွင် မေ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်တစ်ဦးလဲကျသေဆုံး နေကြောင်း တောင်ငူမြို့နယ်နေသူ တစ်ဦးက တယ်လီဖုန်းဖြင့် သတင်း ပေးပို့ချက်အရ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ရာသီဥတုပူပြင်းခြင်းနှင့် တာပိန်မြစ်ရေ နည်းပါးလာသည့် အတွက် ဗန်းမော်ခရိုင်၌ မကြာခဏ မီးပြတ်တောက်မှုများဖြစ်ပေါ်နေ

ဗန်းမော်၊ မေ ၂၈

ယခုရက်ပိုင်းအတွင်း ရာသီဥတုပူပြင်းပြီးတာပိန် မြစ်ရေနည်းပါးလာသောကြောင့် တာပိန်ရေအားလျှပ်စစ်စက်ရုံမှာ လည်ပတ်ရန်အခက်အခဲဖြစ်ပေါ် လာကာ ဗန်းမော်ခရိုင်အတွင်း၌ လျှပ်စစ်မီးပြတ်တောက်မှုများ မကြာ ခဏဖြစ်ပေါ်နေကြောင်းသိရသည်။ ဗန်းမော်တစ်ခရိုင်လုံး အသုံး ပြုရန်အတွက် တာပိန်ရေအားလျှပ် စစ်စက်ရုံမှ ၁၁ မဂ္ဂါဝပ်ခန့် ထွက်ရှိ ရာမှ ယခုရက်ပိုင်းအတွင်း ရာသီဥတု ပူပြင်းခြင်း၊ တာပိန်မြစ် ရေနည်းပါး ခြင်းတို့ကြောင့် ရေအားမလုံလောက်သည့်အတွက် စက်ရုံလည်ပတ်ရာတွင် အခက်အခဲဖြစ်ပေါ်၍ လျှပ်စစ် မီးရရှိပမာဏနည်းပါးကာ မီးပြတ် တောက်မှုများ မကြာခဏဖြစ်ပေါ် နေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ကိုင်းကောင်းမှုတော် ဘုရားကြီးမေတ္တာကန် အပျက်အစီးများလာ၍ အကြီးစားပြုပြင်

စစ်ကိုင်း၊ မေ ၂၈

နှစ်ပေါင်း ၃၆ဝ ကျော်သက်တမ်းရှိ စစ်ကိုင်း မြို့ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီး မေတ္တာကန်ကြီးမှာ အပျက်အစီးများလာသောကြောင့် အကြီးစားပြုပြင်မှုများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ ကောင်းမှုတော်ဘုရားကြီး မေတ္တာကန်မှာအရှေ့အနောက် အလျား ၁၉၉ ပေငါးလက်မ၊ တောင်မြောက် အနံ ၁၅၄ ပေ ခြောက်လက်မရှိရာ အဆိုပါကန် ကြီးမှာ ကောင်းမှုတော်ဘုရားကြီး၏ မူလဒါယကာ အင်းဝဘုရင် သာလွန် မင်းကြီး၏ ကောင်းမှုဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

စံပြလမ်းအဖြစ် ဖွင့်လှစ်တော့မည့် ၃၈ လမ်းသစ် တစ်လျှောက်တွင် ထိုင်းနိုင်ငံမှ မှာယူထားသည့် စိန်ပန်းနီပင်များကို စတင်စိုက်ပျိုး

မန္တလေး၊ မေ ၂၈

မန္တလေးမြို့၏ နိုင်ငံတကာအဆင့်မီစံပြလမ်းအဖြစ် ဇွန်လအတွင်း ဖွင့်လှစ်တော့ မည်ဖြစ်သော ၃၈ လမ်းသစ်၊ ၇၈ လမ်းနှင့် ၇၃ လမ်းကြားရှိ ပလက် ဖောင်းပေါ်၌ ထိုင်းနိုင်ငံမှ မှာယူ ထားသည့် စိန်ပန်းနီပင်များကို စတင်စိုက်ပျိုးလျက်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...