HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တမူးမြို့တွင် ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ၂၆၁ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပ

တမူး၊ မေ ၂၇

တမူးခရိုင် တမူးမြို့တွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ကာကွယ် စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အားပြင်ဆင်ပေးရေး၊ ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲကို မေ ၂၇ရက်နံနက် ၇ နာရီတွင်မြို့မ ဘုန်းတော်ကြီး ကျောင်း၊ အဂ္ဂမဟာဓမ္မဗိမာန် တော်အတွင်း၌ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ တမူးခရိုင်၊ တမူးမြို့နယ်အတွင်းရှိ မြို့သစ်မြို့၊ ခမ်းပါတ်မြို့ မြို့နယ်များ မှလုရှိုင်း၊ ထာဒို၊ တိတိန်း၊ ဇိုးမီး၊ ရှမ်းနီဒေသခံ တိုင်းရင်းသားလူမျိုး စုများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ စုစုပေါင်းအား ၂၅ဝဝကျော်တက် ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ပလက်ဝမြို့၌ ကုလားတန်မြစ်ကူးတံတား ကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီး တည်ဆောက်မည်

ပလက်ဝ၊ မေ ၂၇ 

ချင်းပြည်နယ် တောင်ပိုင်း၌ သွားလာရေးခက်ခဲသည့်မြို့နယ်ဖြစ်သော ပလက်ဝ မြို့နှင့် သွားလာဆက်သွယ်ရေး လွယ်ကူစေရန် နိုင်ငံတော်မှငွေကျပ် ၂၇ ဘီလီယံအကုန်အကျခံ တည် ဆောက်နေသော ပလက်ဝမြို့ ကုလားတန်မြစ်ကူးတံတားကို ၂ဝ၂ဝ ပြည့်နှစ်မေလတွင် အပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးထံမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မုံရွာ ကမ္ဘောဇဘဏ် ငွေစုစာအုပ်အတွင်းမှ ငွေကျပ်သိန်း ၅ဝဝ ကျော် ပျောက်ဆုံးမှုအတွက် ကာယကံရှင်မှ သတင်းစာရှင်းလင်း

စစ်ကိုင်း၊ မေ ၂၇

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ဆူးလေကုန်း ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ကမ္ဘောဇဘဏ်(၁)တွင် ပြုလုပ်ထား သော ငွေစုစာအုပ်အတွင်းမှ ငွေ ကျပ်သိန်း ၅ဝဝ ကျော် ပျောက်ဆုံး နေမှုအတွက် ကာယကံရှင်မှ မေ ၂၇ ရက် နံနက် ၁ဝ နာရီတွင် မုံရွာ မြို့ ချင်းတွင်းအင်စတီကျုရုံး၌ မီဒီ ယာများအား ချပြရှင်းလင်းပွဲကျင်း ပခဲ့ကြောင်း သိရသည်။ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မုံသွင်ကျေးရွာမှ တောင်သူဦးကိုဦး သည် မုံရွာကမ္ဘောဇဘဏ်(၁)တွင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက် မှစတင်၍ငွေများစုခဲ့ပြီး ၂ဝ၁၈ ခု နှစ် စက်တင်ဘာလထိ နှစ်နှစ်အတွင်း ငါးကြိမ်ခွဲ၍ ငွေကျပ်သိန်း ၈၉ဝ ကျော်စုဆောင်းခဲ့သည်ဟု ငွေစုစာ အုပ်စာရင်းများပြသ၍ မီဒီယာများ သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စုငွေများကြောင့် အရင်းနှင့်အတိုးမှာ ငွေကျပ် ၉၃၈ သိန်းကျော်ရှိခဲ့သည် ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

မုံရွာချင်းတွင်း တံတားအောက်၌ ကုန်တင် ဖလက်ရေယာဉ်နှင့် ဖောင်ဆွဲစက်လှေ တိုက်မိ၊ စက်လှေမောင်း နောက်လိုက်နှင့် သားအဖသုံးဦး အပါအဝင် ငါးဦးသေဆုံး  

မုံရွာ၊ မေ ၂၆

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ချင်းတွင်းတံတား ပိုင်တိုင်အမှတ် P 3 နှင့် P 4 ကြားတွင် ကုန်တင်ဖလက်ရေယာဉ်နှင့် ဖောင်ဆွဲစက်လှေတို့ မေ ၂၆ ရက် နံနက်ပိုင်းက ဝင်တိုက်မိရာ စက် လှေနစ်မြုပ်ပြီး လူငါးဦးရေနစ်သေဆုးံခဲ့ကြောင်း မုံရွာမြို့ အလုံရဲကင်းစခန်းမှ ဒုရဲအုပ်မိုးမင်းထွန်းထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းရောက် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်နိုင်ရေး စီစဉ်ပေးမည် ဟုဆို

စစ်တွေ၊ မေ ၂၆

ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှသိရသည်။ ကယ်ဆယ်ရေးစခန်းများရှိ ကျောင်းသူ၊ ကျောင်းသားများကို ကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်သည့်အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ကြားခွင့်ပေးသွားမည်ဖြစ်ပြီး ကျောင်းမနေရသည့် စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသားများ မရှိစေရဟု ရခိုင် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပုသိမ်ကြီးမြို့ နယ်တွင် ကျောက်တောင်ပြိုကျမှုဖြစ်ပွား၊ အလုပ်သမားသုံးဦး ကျောက်ပိသေဆုံး

ရန်ကုန်၊ မေ ၂၆

ပုသိမ်ကြီးမြို့နယ်အတွင်း ကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် ကျောက်တောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား သုံးဦး ကျောက်ပိသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့သည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချော ကျေးရွာ အမှတ် (၃) ရပ်ကွက်ရှိ ဂျပန်လျိုကျောက်စခန်းတွင် မေ ၂၆ ရက် နံနက် ၈ နာရီခွဲခန့်က ကျောက်ထုတ်လုပ်ရေးလုပ်နေစဉ် ကျောက် တောင်ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကြို့ပင်ကောက်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်ကားခေါင်းချင်းဆိုင် တိုက်မိရာမှ တစ်ဦးသေဆုံးပြီး လေးဦးပြင်းထန် ဒဏ်ရာရ

ကြို့ပင်ကောက်၊ မေ ၂၅

ကြို့ပင်ကောက် မြို့နယ်တွင် ခရီးသည်တင်ယာဉ် အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောမှ ဆန်အိတ်တင်ကုန်ကားနှင့် ခေါင်း ချင်းဆိုင်တိုက်မိရာမှ ခရီးသည် တင်ယာဉ်ပေါ်မှ စပယ်ယာသေဆုံး ပြီး လေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး (အ နောက်ပိုင်း)၊ ကြို့ပင်ကောက်မြို့ နယ်၊ ကုန်းမြင့်ကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်းအတိုင်း ရန်ကုန်မှပြည်သို့ မောင်းလာသည့် ဧရာသစ္စာ ခရီးသည်တင် Express  ယာဉ်သည် မေ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က မိုင်တိုင်အမှတ် (၁၂၂/ဝ) နှင့် (၁၂၂/၁)ကြား အောင်မြေမြင့်မိုရ် ပုဂ္ဂလိကဆေးရုံ ရှေ့ အရောက်တွင် အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောမှ မောင်းနှင် သွားနေသည့် ၁၂ ဘီးကုန်တင် ကားနှင့် မျက်နှာချင်းဆိုင်တိုက် မိခဲ့ကြောင်း ကြို့ပင်ကောက်မြို့မရဲ စခန်းမှ စုံစမ်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မုံရွာ ကလေးဆေးရုံတွင် ကလေးငယ်များ အသားဝါဓာတ်ကျ မီးချောင်း အလှူရှင်များလိုနေ

မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ သားဖွားမီးယပ်နှင့်ကလေးဆေးရုံကြီးတွင် ရာသီဥတုပူပြင်းသဖြင့် မွေးကင်းစကလေးများ အသားဝါ ဖြစ်ပွားမှုများနေ၍ အသားဝါဓာတ်ကျမီးချောင်း (Photo therapy) အလှူရှင်များလိုအပ်နေကြောင်း သိရသည်။ ကလေးဆေးရုံကြီးတွင် အသားဝါဖြစ်သော ကလေးငယ်တစ် နေ့လျှင် အယောက် ၂ဝ ကျော်ရှိ နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...