HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ထီးချိုင့်မြို့နယ်တွင် မြေမဲ့တောင်သူများအား ဧရာဝတီမြစ်ရေကျချိန်မှသာ မြေနုကျွန်းများကို အမြန်ဆုံး စီမံခန့်ခွဲပေးမည်

ထီးချိုင့်

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် ဧရာဝတီမြစ်ရေကျ ချိန် စက်တင်ဘာလအတွင်းမှ မြစ်ရေကျ ဆင်းမှုအခြေအနေကိုကြည့်၍ မြေနုကျွန်း များကို မြေမဲ့တောင်သူများအား အမြန် ဆုံးစီမံခန့်ခွဲပေးမည်ဖြစ်ကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

အခြေခံပညာ ထောက်ပံ့ကြေး ရခိုင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုကို တိုးချဲ့ပေးအပ်မည်

ရန်ကုန်

အခြေခံပညာ ကျောင်းသားများအတွက် ပေးအပ် နေသော ပညာသင်ထောက်ပံ့ကြေးများကို လာမည့်ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုအား တိုးချဲ့ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ကျောင်းနေရန်ခက်ခဲသော ကလေးများနှင့် ကျောင်းထွက်နိုင် ခြေများသောကလေးများကို ပညာ သင်ထောက်ပံ့ကြေးများပေးအပ်လျက်ရှိရာ လာမည့်ပညာသင်နှစ် ဖြစ်သော ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် လက်ရှိပေးအပ်နေ သောကလေးများအပြင် ရခိုင်ပြည် နယ်ရှိ မြို့နယ်နှစ်ခုမှကျောင်းသား ကျောင်းသူများကိုပါ ပေးအပ်နိုင် ရန်စီစဉ်လျက်ရှိကြောင်း၊ အဆိုပါ ပညာသင်ဆုများကိုရွေးချယ်ပေး အပ်ရာတွင် ကျောင်းအုပ်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ၏ထောက်ခံချက်များဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဧရာဝတီမြစ်အတွင်း ရေနစ် သေဆုံးခဲ့သည့် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိ

စစ်ကိုင်း၊ မေ ၂၄ 

စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက် လေးကျွန်း မာန်အောင်စေတီတော်ရှေ့ရှိ ဧရာဝတီမြစ်အ တွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့သည့် ကလေးငယ် တစ်ဦး၏ရုပ်အလောင်းကို မေ ၂၄ ရက် နံနက်ပိုင်းက ဧမြ ဝတီရပ် မြစ်ဆိပ်တွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မွန်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်မည့် သထုံမြို့နယ် ကိုယ်စားလှယ် ရွေးကောက်ခြင်း အခမ်းအနားကျင်းပ  

သထုံ၊ မေ ၂၄

အသစ်ပြန်လည်ဖွဲ့စည်းမည့် မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ကြ မည့် သထုံမြို့နယ်မှ ကိုယ်စားလှယ်ရွေးကောက်ခြင်းအခမ်း အနားကို မေ ၂၃ ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ် သထုံ မြို့နယ်၊ နောင်ကုလားအလယ်ရွာတိုက်ကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒေသခံများ၏ လှူဒါန်းငွေဖြင့် တမူးမြို့တွင် ယာဉ်ထိန်းသိမ်းကြီးကြပ်ရေး ရုံးမီးပွိုင့်နှင့် စီစီတီဗွီများ တည်ဆောက် တပ်ဆင်သွားမည်  

တမူး၊ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့ ဗိုလ်ချုပ်လမ်းနှင့်အလောင်း ဘုရားလမ်းဆုံ၊ လမ်းအဝင်အထွက်နေရာ များတွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်း ရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် မီးပွိုင့်၊ စီစီတီဗွီနှင့်ယာဉ်ထိန်းကြီးကြပ်ရေးရုံးများ ကို တမူးမြို့ဒေသခံများ၏ လှူဒါန်းငွေများ ဖြင့် မေ ၂၄ ရက်မှစ၍ တည်ဆောက် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလုံခြုံရေးစီစီတီဗွီများကို လူဦး ရေထူထပ်များပြားသော မြို့ကြီးခြောက် မြို့ရှိလမ်းများ၏ အဝင်အထွက်နေရာများ နှင့် လမ်းဆုံများတွင် တပ်ဆင်သွားမည်ဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ကိုင်း တိုင်းဒေသကြီးအတွင်း စွမ်းဆောင်ရည်ပြည့်ဝသော မြို့နယ် လဝကရုံးများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆုချီးမြှင့်

မုံရွာ၊ မေ ၂၃

၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သစ္စာစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ် သာသနာဝင်၊ သာသနာနွယ်ဝင်စိစစ်ရေး ကတ်များ ပြည်သူလက်ဝယ်ထုတ်ပေး နိုင်မှုနှင့်စွမ်းဆောင်ရည်ပြည့်ဝ သော မြို့နယ် လဝက ဦးစီးမှူးရုံး များကို မေ ၂၃ ရက်နံနက်က မုံရွာ မြို့ မြို့တော်ခန်းမ၌ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ၁၂ ဦးနှင့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးကို ထိုင်းဘက်မှ လာရောက်လွှဲပြောင်း

တာချီလိတ်၊ မေ ၂၃

ရှမ်းပြည် နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မဟာမြတ် မုနိဘုန်းကြီးကျောင်း၌ ထိုင်းနိုင်ငံ မှ လွှဲပြောင်းပေးသော ထိုင်းဘုရင် လွတ်ငြိမ်ချမ်းသာခွင့်ဖြင့် လွတ် မြောက်လာသူ ၁၂ ဦးနှင့် တရား မဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးတို့ကို နေရပ်ပြန်နိုင်ရေးအ တွက် ၎င်းင်းတို့ဆွေမျိုးများထံ မေ ၂၂ ရက်ညနေပိုင်းက ပြန်လည်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သံဖြူဇရပ်မြို့နယ် ဝယ်တော်တံတားတွင် ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်၊ ယာဉ်မောင်း သေဆုံး

သံဖြူဇရပ်၊ မေ ၂၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝယ်တော် တံတားတွင် ခြောက်ဘီးယာဉ်တစ် စီးတိမ်းမှောက်မှု ဖြစ်ပွားရာယာဉ် မောင်းတစ်ဦး သေဆုံးသွားကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ သံဖြူဇရပ်-ရေး ကားလမ်း၊ ဝယ်တော်ကျေးရွာရှိ ဝယ်တော်တံတားအောက်သို့ မေ ၂၃ ရက် နံနက် ၄ နာရီ၄၅မိနစ် ခန့်က ခြောက်ဘီးကားတစ်စီးပြုတ် ကျတိမ်းမှောက်နေကြောင်း ကျေး ရွာအုပ်ချုပ်ရေးမှူးမှ ပိုင်ရှင်မဲ့လူမှု ကူညီရေးအသင်းသို့ အကြောင်း ကြားသဖြင့် ပိုင်ရှင်မဲ့အသင်းမှဦး ထွန်းထွန်းက မြို့နယ်နာရေးကူညီ မှုအသင်း အခမဲ့လူနာတင်ယာဉ်၊ ယာဉ်မောင်းဦးကျော်ဝင်းထံသို့ ဆက်သွယ်သတင်းပေးသဖြင့် မြို့နယ်နာရေးကူညီမှုအသင်းမှ နာ ရေးကူညီမှုအသင်း အမှတ် (၁)လူ နာတင်ယာဉ်ဖြင့် ယာဉ်တိမ်းမှောက် မှုဖြစ်စဉ်နေရာသို့ သွားရောက်ပြီး ကားအတွင်းညှပ်၍ သေဆုံးနေပြီ ဖြစ်သော ယာဉ်မောင်းအားရဲတပ် ဖွဲ့ခွင့်ပြုချက်ဖြင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများကဆယ်ယူပြီး ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူများက ၎င်းင်းတို့ပိုင် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သံ ဖြူဇရပ်မြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...