HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အင်းဝ သင်ဖြူးဖျာ ရက်လုပ်ငန်းများ ဟင်္သာတဘက်မှ သင်ပင်များ မှာယူ ရက်လုပ်နေရ

တံတားဦး၊ မေ ၂၂

မန္တလေး တိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမင်္ဂလာကျုံးထိပ်ရပ်ရှိ သင် ဖြူးရက်လုပ်ငန်း လုပ်ကိုင်သူများ သည် ယခင်က ကချင်ပြည်နယ် ဗန်းမော်နယ်မှဝယ်ယူသော သင် ပင်ကုန်ကြမ်းများ ဝယ်ယူမရတော့ သဖြင့် ယခုအခါ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတနယ်မှထွက် သောသင်ပင်များအား ဝယ်ယူရက် လုပ်နေရကြောင်း သိရသည်။ ယခင်က အင်းဝမင်္ဂလာကျုံး ထိပ်ရပ်တွင် သင်ဖြူးဖျာရက်လုပ် သည့် လုပ်ငန်းရှင်လေးဦးရှိရာ အ ဆိုပါလုပ်ငန်းရှင်များထံတွင် မှီခို လုပ်ကိုင်နေသော သင်ဖြူးဖျာရက် လုပ်သူများသည် ကချင်ပြည်နယ် ဗန်းမော်ဒေသထွက် သင်ပင်ကုန် ကြမ်းကို ကုန်သည်များနှင့် အချင်း ချင်းချိတ်ဆက်မှာယူ၍ နှစ်ယောက် အိပ်ဖျာ၊ တစ်ယောက်အိပ်ဖျာ၊ ကု လားထိုင်ခင်းဖျာများနှင့် ဘုရားခန်း သုံးဖျာများ ရက်လုပ်ရောင်းချခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန် ...

ချင်းပြည်နယ်၌ မိုးရွာသွန်းလာမှုများကြောင့် ရေခန်းခြောက်ခဲ့သည့် ရာဇဂြိုဟ်ဆည်အတွင်းသို့ ရေများစတင် ဝင်ရောက်လာနေ

ကလေး၊ မေ ၂၂

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်ရှိ ရာဇ ဂြိုဟ်ဆည်၌ ဆည်ရေကျဆင်းခဲ့ပြီး ရေခန်းခြောက်မှုအဆိုးရွားဆုံးဖြစ် ပွားခဲ့ပြီးနောက် မေလကုန်ပိုင်းတွင် ချင်းပြည်နယ်အတွင်း၌ မိုးရွာသွန်း မှုများရှိလာခဲ့သည့်အတွက် ရာဇ ဂြိုဟ်ဆည်သို့ ရေစတင်ဝင်ရောက် လာပြီဖြစ်ကြောင်း သိရသည်။ ကလေးမြို့နယ် ရာဇဂြိုဟ် ကျေးရွာအနီး၌ တည်ဆောက်ထားသည့် ရာဇဂြိုဟ်ဆည်အတွင်း ရှိ ဆည်ရေမှာ ပြီးခဲ့သည့် ဆောင်း ရာသီကာလမှစတင်၍ ကျဆင်းခဲ့ ပြီးနောက် သင်္ကြန်ကာလတွင် ဆည်ရေခန်းခြောက်မှု အဆိုးရွား ဆုံးဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ အပူချိန်လျော့ကျပြီး မိုးရွာသွန်းစေရန်အတွက် မိုးကောင်း ဘုရားပင့်ဆောင်ပူဇော်

မကွေး၊ မေ ၂၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ် ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ အပူချိန်လျော့ကျပြီး မိုးရွာသွန်းမှုဖြစ်စေရန်အတွက် ချောက်မြို့နယ် ဂွေးချိုတောင်ပေါ် ၌ ကိန်းဝပ်စံပယ်သည့် မိုးကောင်း ဘုရားအား မကွေးမြသလွန်စေတီ တော်သို့ သုံးရက်ကြာ ပင့်ဆောင် ပူဇော်ခဲ့ကြောင်း မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျော်စောသတင်း ရရှိနေသောနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးများနှင့် လူလေးဦးကို ဖမ်းဆီးရမိ၊ တဲများကို မီးရှို့ဖျက်ဆီး

တနိုင်း၊ မေ ၂၁

ကချင်ပြည်နယ် တနိုင်းမြိုနယ်မိုင်ခွန်ကျေးရွာအုပ် စု ရေနံကုန်းရွာအနီး ထန်ပလား မှော်သွားရာလမ်း၌ မူးယစ်ဆေးဝါး များရောင်းချနေကြောင်း ကျော် စောသတင်းအရ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါနေရာသို့ ရှောင် တခင် သွားရောက်စစ်ဆေးဖမ်းဆီးရာ လူလေးဦးနှင့်အတူ မူးယစ်ဝါး များကို ဖမ်းမိကာ ယင်းနေရာ တစ်ဝိုက်ရှိ တဲများကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရပါသည်။

ဆက်လက်ဖတ်ရှုရန် ...

မိုင်းသင်တန်းတွင် သရုပ်ပြနေစဉ် မိုင်းအစစ် နင်းမိသဖြင့် နည်းပြနှင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရ

မန္တလေး၊ မေ၂၁

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း မိုင်းရှာဖွေရှင်းလင်းခြင်းသင်တန်းတွင် သရုပ်ပြနေစဉ် မိုင်းအစစ် နင်းမိရာမှ သင်တန်းနည်းပြနှင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မန္တလေးမြို့၊ ချမ်းအေးသာ စံမြို့နယ်၊ လမ်း ၃ဝ နှင့် ၃၁ လမ်း ကြား၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြား ရှိ မန္တလေးတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးဝင်းအတွင်း မေ၂၁ ရက်၊ နံနက် ၉ နာရီ ၂၅ မိနစ် ခန့်က မိုင်းရှာဖွေရှင်းလင်းခြင်း (ဆင့် ပွား) သင်တန်း၌ ရဲတပ်ဖွဲ့ဝင် သင်တန်းသား ၅ဝ အား လက်တွေ့ သရုပ်ပြသင်ကြားနေစဉ် ပလတ်စ တစ်နင်းမိုင်းပေါ်သို့ မတော်တဆ တက်နင်းမိရာမှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အောင်မြေသာစံမြို့နယ်တွင် ခြင်ဆေးခွေထွန်းရာမှ နေအိမ်ငါးလုံး မီးလောင်  

မန္တလေး၊ မေ ၂၁

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် ခြင်ဆေးခွေထွန်းရာမှ နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် အကွက်အမှတ်(---) အိမ်အမှတ်(---) ၇၈ လမ်းနှင့် (၈၆ x၈၇) လမ်းကြားတွင် ပိုင်ရှင်ဦးဝင်းထွဋ်ကျော်၏ ပေ(၂ဝx၂ဝ)၊ နံရံကပ်ပျဉ် ထောင် နှစ်ထပ်အိမ်တွင် အဝတ်ဗီရိုအောက်၌ မေ ၂၁ ရက် နံနက် ၁၁ နာရီခွဲခန့်က ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ အဝတ်အထည်များအား မီးကူးစက်လောင်ကျွမ်းခဲ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မီးဖိုမီးမှတစ်ဆင့် မီးလောင်

နေပြည်တော်၊ မေ ၂ဝ

ပြည် ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မေ ၂ဝရက် နံနက် ၈ နာရီခွဲခန့်က မီးဖိုမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ နဝ ဒေးရပ်ကွက် ခေတ္တာ ၅ လမ်းမပေါ် ရှိ အိမ်အမှတ်(၈၃ဝ) သွပ်မိုး၊ ပျဉ်ကာနေအိမ်တွင် ငှားရမ်းနေထိုင်သူသည် ထင်းမီးဖိုဖြင့် ထမင်းအိုးတည် ရာမှ မီးစတင်လောင်ခဲ့ပြီး မီးလောင် ရာသို့ ဥတ္တရခရိုင် မီးသတ်တပ်ဖွဲ့ ရုံးမှ မီးသတ်ယာဉ်ခုနစ်စီး၊ အုပ်ချုပ် မှုယာဉ်တစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက်၉နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

တနင်္သာရီမြို့နယ်၌ WY စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝ၇၁၂ ပြား ဖမ်းမိ

တနင်္သာရီ၊ မေ ၂ဝ

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၌ မသင်္ကာဖွယ်ရပ်ထားသောမော်တော်ယာဉ်တစ်စီးအားစစ်ဆေးခဲ့ရာမှ WY  စိတ်ကြွရူးသွပ်မူးယစ်ဆေးပြား ၁ဝ၇၁၂ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...