HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တောတွင်းသို့ ဟင်းစားရှာထွက်နေသူအချို့ မိုင်းထိမှန်၊ သက်ဆိုင်ရာမှ ရှင်းလင်းပေးစေလိုဟု ဒေသခံများပြော

မိုးညှင်း၊ မေ ၂ဝ

ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်းအုပ်စုထန်းတပင်ကျေးရွာရှိ ဒေသအခေါ် ကျောက်ဖြူတောင်သို့ဟင်းစား ရှာထွက်နေသူအချို့မှာ မိုင်းထိမှန်၍ ဒဏ်ရာရရှိမှုများဖြစ်ပွားနေသော ကြောင့် သက်ဆိုင်ရာမှ မိုင်းရှင်းလင်းမှုများ ပြုလုပ်ပေးစေလိုကြောင်း ဒေသခံများထံမှသိရသည်။ မိုးညှင်းမြို့ ထန်းတပင်ကျေးရွာမှ ဒေသခံခြောက်ဦးသည် မေ ၁၅ ရက်နှင့် ၁၆ ရက်များတွင် ဝမ်းစာအတွက် ကျောက်ဖြူတောင်သို့ ဟင်းပြင်းသီးကောက်သွားကြရာမှ လူနှစ်ဦးမိုင်းထိမှန်ခဲ့ပြီး ခြေထောက်များ၌ ဒဏ်ရာများရရှိခဲ့သောကြောင့် ယခုအခါ ကျောက်ဖြူတောင်သို့ ဟင်းရှာထွက်ရန်အခက်တွေ့နေကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ငါးရစ်ငါးသန်ကာလ ဖမ်းဆီးမှုမရှိစေရေး ငါးသယံဇာတ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီများဖွဲ့၍ ဆောင်ရွက်နေ

မကွေး၊ မေ ၁၉

မေလမှ ဇူလိုင် လကုန်ချိန်အထိသည် မကွေး တိုင်းဒေသကြီးအတွင်းရှိ ဒေသမျိုး ရင်း ငါးများဖြစ်သော ငါးရစ်ငါးသန် ပေါက်ဖွားသည့်ကာလဖြစ်သ ဖြင့် ငါးရစ်ငါးသန်ကာလ ငါးဖမ်း ဆီးမှုမရှိစေရေးအတွက် တိုင်း၊ ခ ရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ များတွင် ငါးသယံဇာတထိန်းသိမ်း ကြီးကြပ်ရေးကော်မတီများဖွဲ့၍ ဆောင်ရွက်ထားကြောင်း မကွေး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာ နမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျိုင်းတုံမြို့တွင် မိဘများ စပါးရိတ်သိမ်းနေစဉ် ဆော့ကစားနေသည့် ကလေးနှစ်ဦး ရေနစ်သေဆုံး

ကျိုင်းတုံ၊ မေ ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ယန်းလောအုပ်စု ကျိုင်းဖောင်းကျေးရွာ နမ့်ခင်းချောင်း၌ ရေဆင်းကစားသည့် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကလေးနှစ်ဦးရေနစ်သေဆုံး၍ ရောက်ရှိနေကြောင်းသတင်းအရ ကျိုင်းတုံမြို့မစခန်းမှူး ဒုရဲမှူးကျော် ဆန်းဦးနှင့်တာဝန်ရှိသူများသည် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့သွား ရောက်စစ်ဆေးခဲ့ရာ ရေနစ်သေဆုံးသူမှာ ကျိုင်းတုံမြို့ ယန်းလောအုပ်စု ဝေါ်ခုတ်ရွာနေထိုင်သူ မနာရှဲ (လေးနှစ်)နှင့် ကျထော (ငါးနှစ်) တို့ဖြစ်ပြီး ၎င်းတို့၏ခန္ဓာကိုယ်အားစစ်ဆေးရာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ရေနစ် သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၂၀

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၂၀

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

GAP နည်းဖြင့် စိုက်ပျိုးသော သရက်စိုက်တောင်သူများကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေး

မုံရွာ၊ မေ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးအလေ့အကျင့်ကောင်း GAP နည်းဖြင့် စိုက်ပျိုးသောသရက်ခြံပိုင် တောင်သူများကို မြန်မာ GAP အသိအမှတ်ပြုလက်မှတ်အား မေ ၁၈ ရက်နံနက်ပိုင်းက တိုင်းစိုက်ပျိုးရေးရုံး၌ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မကွေးတိုင်းတွင် ဆည်၊ ကန်၊ တမံနှင့် ရေသောက်စနစ်လုပ်ငန်း ၁၂၁ ခုနှင့်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ၆၆ ခုဖြင့်ဆောင်ရွက်မည်

မကွေး၊ မေ ၁၈

မကွေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ဆည်၊ ကန်၊ တမံနှင့် ရေသောက်စနစ်လုပ်ငန်း ၁၂၁ ခု၊ ဆည်၊ ကန်၊ တမံများပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ၆၆ ခု စုစုပေါင်းလုပ်ငန်း ၁၈၇ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေးမြို့ရှိ နေအိမ်တစ်အိမ်တွင် လူတစ်ဦး အနုကြမ်းဝင်စီး၊ ရွှေနှင့် ငွေကျပ် ၁ဝ သိန်း ယူဆောင်သွား  

မန္တလေး၊ မေ ၁၈

မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ဒေါနဘွားရပ်ကွက်ရှိ နေ အိမ်တစ်အိမ်တွင် မေ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်က အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်အိပ် ခန်းအတွင်းဝင်ရောက်ကာ အနု ကြမ်းစီးခဲ့ပြီး ရွှေနှင့်ငွေကျပ် ၁ဝ သိန်း ယူဆောင်သွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ''ဖြစ်စဉ်ကတော့ ဟုတ်ပါ တယ်။ စုံးစမ်းစစ်ဆေးနေဆဲဖြစ်ပါ တယ်။ ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ စခန်းမှာတော့ အမှုဖွင့်ထားတယ်'' ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းလှထူးက ပြော ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...