HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဆိုင်ကယ်ဘေးတွဲများကို မောင်းနှင်ခွင့်ပြုရေး တိုင်းအစိုးရအဖွဲ့စဉ်းစားပေးသင့် ဟုဆို

ကလေး၊ မေ ၁၇

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ခေတ် နှင့်အညီပေါ်ပေါက်လာသော အ နှေးယာဉ် ဆိုက်ကားအစားထိုး ဆိုင်ကယ်ဘေးတွဲ (ဆိုက်တွဲသုံးဘီး ယာဉ်)များအား ဒေသန္တရစီမံချက် ဖြင့် မောင်းနှင်ခွင့်ပြုရေး စစ်ကိုင်း တိုင်းအစိုးရမှ အလေးအနက်ဆွေး နွေးစဉ်းစားပေးသင့်ကြောင်း ကလေး မြို့နယ်မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေ ကျော်ကပြောကြားသည်။ ''ကက်ဘိနက်မှာ လေးလေး နက်နက်ထပ်ဆွေးနွေးဖို့တောင်း ဆိုတယ်၊ ဥပဒေဆိုတာ ပြည်သူကို အကာအကွယ်ပေးရမှာဖြစ်ပါတယ်၊ ဖမ်းဆီးရင် တိုင်းအစိုးရနဲ့လွှတ်တော် ကိုယ်စားလှယ်တွေ ခေါင်းပေါ်ကိုပဲ ရောက်လာတာပါ''ဟု ၎င်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ဂျိုင်းမြစ်ကူး ပွန်တွန်းတံတား မေ ၂၆ ရက်တွင် ဖွင့်လှစ်မည်  

ဘားအံ၊ မေ ၁၇

ကရင်ပြည်နယ် ရှိ ဂျိုင်းမြစ်ကူးပွန်တွန်းတံတား အား မေ ၂၆ ရက်တွင် စတင်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း အဆို ပါတံတားအား တာဝန်ယူတည် ဆောက်နေသည့် ကရင်ပြည်နယ် သယ်ယူပို့ဆောင်ရေးနှင့်ဝန်ဆောင် မှုလုပ်ငန်းရှင်များကုမ္ပဏီမှ သိရသည်။ ကရင်ပြည်နယ် သယ်ယူပို့ ဆောင်ရေးနှင့်ဝန်ဆောင်မှုလုပ် ငန်းရှင်များကုမ္ပဏီသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ကရင်ပြည်နယ် အစိုးရ၏ လုပ်ငန်း တင်ဒါအောင်မြင်ပြီးနောက် ခံနိုင် ဝန်တန် ၆ဝ ဖြတ်ကူးနိုင်မည့် ဂျိုင်း မြစ်ကူးပွန်တွန်းတံတားကို စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မကွေး-ရေနံချောင်းလမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိ၊ နှစ်ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

ရေနံချောင်း၊ မေ ၁၇

မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် မကွေး-ရေနံချောင်းလမ်းမပေါ်ရှိ သစ်ချိုကျေးရွာအနီးတွင် မေ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက ရွှေမိတ် သစ်ခရီးသည်တင်ယာဉ် အချင်းချင်း ခေါင်းချင်းဆိုင်တိုက်မိရာမှ လူနှစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မကွေးမှရေနံ ချောင်းဘက်သို့ ယာဉ်မောင်းစိစစ်ဆဲ MGY 5D/-- ရွှေမိတ်သစ် ခရီးသည်တင်ယာဉ်နှင့် ရေနံချောင်း မှ မကွေးဘက်သို့ ဦးဒီခန့်(၁၉)နှစ် ယာဉ်မောင်း ချောက်မြို့နယ် အေး စေတီရပ်မှနေသူ မောင်းနှင်လာ သော ရွှေမိတ်သစ်ခရီးသည်ယာဉ် MGY 1C ယာဉ်တို့တိုက်မိရာမှ မကွေးဘက်မှ ချောက်ဘက်သို့ သွား သော ယာဉ်ပေါ်မှအမျိုးသား တစ် ဦးစုံစမ်းဆဲ အခင်းဖြစ်နေရာတွင် သေဆုံးပြီး ချောက်ဘက်မှ မကွေး ဘက်သို့လာသော ယာဉ်ပေါ်မှ အမျိုး သမီးတစ်ဦး စုံစမ်းဆဲအခင်းဖြစ်နေ ရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြဝတီမှ ထုတ်လွှတ်သည့် လျှပ်စစ်နှင့် ထိုင်းမှဝယ်ယူဖြန့်ဖြူးသည့် လျှပ်စစ်မီးတို့၏ အားနည်းချက်၊ အားသာချက်ကိစ္စ ရွှေမြစ်သောင်ရင်းကုမ္ပဏီမှ သတင်းစာရှင်းလင်း

မြဝတီ၊ မေ ၁၆

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင် ရွာသစ်ဓာတ်အားခွဲရုံမှ ထုတ်လွှတ် သည့် လျှပ်စစ်မီးနှင့် ထိုင်းမှဝယ် ယူဖြန့်ဖြူးသည့် လျှပ်စစ်မီးတို့၏ အားနည်းချက်၊ အားသာချက်ကိစ္စနှင့်ပတ်သက်၍ ထိုင်းမှလျှပ်စစ်မီး ဝယ်ယူဖြန့်ဖြူးနေသော ရွှေသောင်ရင်းကုမ္ပဏီမှ မေ ၁၆ ရက် နံနက် ၁ဝ နာရီက ပိုင်ပိုင်ခန်းမတွင် သ တင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်း ပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မယ်တော်ကျေးရွာတွင် နေထိုင်သည့် မြန်မာ ၁ဝဝ ခန့်ကို တရားဝင်မှု ရှိ၊ မရှိ ထိုင်းအာဏာပိုင်များ ဖမ်းဆီးစစ်ဆေး

မြဝတီ၊ မေ ၁၆

မဲဆောက်မြို့ နယ်မယ်တော် ကျေးရွာအတွင်းတွင်နေထိုင်လျက်ရှိသည့် မြန်မာ ၁ဝဝ ခန့်ကို တရားဝင်အထောက် အထားရှိ၊ မရှိ ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံမဲဆောက်မြို့နယ်၊ မယ်တော်ကျေးရွာအတွင်းရှိ ကျူး ကျော်နေထိုင်သူများကို မေ ၁၆ ရက် နံနက်ပိုင်းက ထိုင်းစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ထိုင်းလဝကတို့မှ ဝင်ရောက်ဖမ်း ဆီးစစ်ဆေးခဲ့ကြောင်း ထိုင်းလဝကမှ သိရသည်။  မေ ၁၆ ရက်က ဖမ်းဆီးစစ် ဆေးခဲ့သည့် မြန်မာ ၁ဝဝ ခန့်အနက် အထောက်အထားရှိသူများကို ပြန်လည်လွှတ်ပေးခဲ့ပြီး ၄၉ ဦးသည် တရားဝင်အထောက် အထားမရှိသဖြင့် ဒဏ်ငွေရိုက်အ ရေးယူကာ မြန်မာဘက်သို့ လွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

လေယာဉ်ဆီများ တင်ဆောင်လာသည့် ၂၂ ဘီးတွဲယာဉ် ကားဘီးများ ရေနံချောင်းတွင် မီးလောင်

ရေနံချောင်း၊ မေ ၁၆

မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့တွင် လေယာဉ်ဆီများ တင်ဆောင်လာ သည့် ၂၂ဘီးတွဲယာဉ် ကားဘီးတာ ယာများမီး လောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။  ဖြစ်စဉ်မှာ ရေနံချောင်းမြို့၊ မြို့ရှောင်လမ်းခွဲ မိုင်တိုင်အမှတ် ၈/ဝနှင့် ၇/၇ကြားတွင်မေ ၁၆ ရက်မွန်းလွဲ ၁ နာရီခန့်က ယာဉ် မောင်းကိုဌေးအောင် (၃၈)နှစ်၊ မိ တ္ထီလာမြို့၊ ပြည်သာယာရပ်နေသူ မောင်းနှင်လာသည့် လေယာဉ်ဆီ များတင်ဆောင်လာသော ၂၂ ဘီး တွဲယာဉ်သည် မကွေးဘက်မှကျောက် ပန်းတောင်းမြို့ဘက်သို့ မောင်းနှင် လာစဉ်ကားဘီးများ ဘရိတ်ရှူး ကပ်ကာ အပူလွန်ကဲ၍ မီးလောင် မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်ဂိတ်ဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်များကို မေ ၁၅ ရက်မှစတင်ကာ တရုတ်နိုင်ငံဘက်မှ ပုံမှန် သတ်မှတ်ချိန်ထက် နှစ်နာရီခွဲစော၍ ဖြတ်သန်းခွင့် ပိတ်မည်

မူဆယ်၊ မေ ၁၅

မြန်မာ- တရုတ် နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ် ဆေးရေးဂိတ်များဖြစ်သော နန်း တော်စစ်ဆေးရေးဂိတ်နှင့် ဆင်ဖြူ စစ်ဆေးဂိတ်များကို မေ ၁၅ရက် မှစတင်ကာ တရုတ်နိုင်ငံဘက်မှ ပုံမှန်သတ်မှတ်ချိန်ထက် နှစ်နာရီ ခွဲစော၍ မြန်မာစံတော်ချိန် ည ၈ နာရီတွင် ဖြတ်သန်းခွင့်ပိတ်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကောလင်းတွင် လူတစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး

ကောလင်း၊ မေ ၁၅ 

စစ်ကိုင်း တိုင်းဒေသကြီး ကောလင်းမြို့ မြို့ ကုန်းမြို့မရပ်ကွက် သုဝဏ္ဏရပ် ရွှေမင်းဝံလမ်းတောင်ဘက် (၁၉) လမ်းရှိ နေအိမ်ခြံဝင်းအတွင်း မေ ၁၅ ရက် နံနက် ၁၁ နာရီခန့်က ရေတွင်းသန့်ရှင်းရေးပြုလုပ်ရင်း ရေတွင်းထဲသို့ လူတစ်ဦးပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...