HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မိုးရွာသွန်းပြီးနောက် ပွင့်ဖြူမြို့နယ် ရိုးကုန်းကျေးရွာရှိ အိမ်ခြေ ၂ဝခန့်၏ အိမ်ဝိုင်းများအတွင်း မြေအက်ကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သောကြောင့် ဒေသခံများစိုးရိမ်  

ပွင့်ဖြူ၊ဇွန် ၅ 

မုန်းချောင်းကမ်း ပါးနှင့်ပေ ၇ဝဝခန့်အကွာရှိ မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရွှေ လှေကျေးရွာအုပ်စု ရိုးကုန်းကျေး ရွာ၌ဇွန် ၂ ရက်၊ ညနေပိုင်းကမိုး ရွာသွန်းပြီးနောက် ကျေးရွာရှိအိမ် ခြေ ၂ဝခန့်၏ အိမ်ဝိုင်းများအတွင်း မြေအက်ကြောင်းကြီးများ ဖြစ်ပေါ် ခဲ့ကြောင်းသိရသည်။ ''ဇွန်၂ဝရက် ညနေ၅နာရီက နေည ၉ နာရီအထိ မိုးသည်းထန် စွာရွာသွန်းခဲ့တယ်။ မိုးရွာပြီးနောက် ပိုင်းမှာတော့ အိမ်ခြေ ၂ဝနီးပါးရဲ့ အိမ်ဝိုင်းတွေမှာမြေကြီးတွေကွဲ အက်ပြီး အက်ကြောင်းတွေဖြစ်ပေါ် လာတယ်''ဟု ရွှေလှေကျေးရွာအုပ် စု ကျေးရွာအုပ်ချုပ်ရေးရုံးမှစာရေး ဦးရာဇာကျော်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တူမီးသေနတ်ဖြင့်ပစ်ခတ်၍ လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ  

မြဝတီ ဇွန် ၎

ကရင်ပြည်နယ် မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရေတံခွန်ကျေးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင် တူမီးသေနတ် ဖြင့်ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတစ်ခုဖြစ် ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရေတံခွန်ကျေး ရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီက တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသဖြင့် သင်္ဃန်း ညီနောင်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်မျိုးကျော်နှင့်ရဲတပ်ဖွဲ့ဝင် များသည် ရွှေကုက္ကိုလ်မြိုင်နှင့် သင်္ဃန်း ညီနောင်ကျေးရွာတို့မှ တာဝန်ရှိသူများလိုက်ပါ၍ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အခင်းဖြစ်သည့် တောင်ယာတဲနေ ရာ၌ ရေတံခွန်ကျေးရွာနေ စောဖား သာထီး(၅၅)နှစ်သည် သေနတ်ဒဏ်ရာလေးချက်ရရှိကာ ၎င်းင်း၏ တောင်ယာတဲအတွင်း ပက်လက် အနေအထားဖြင့် သေဆုံးနေသည် ကို တွေ့ရှိရပြီးအဆိုပါတဲနှင့် မလှမ်း မကမ်းရှိ တဲတစ်လုံးတွင်လည်း ဦးမောင်ညာဆိုသူမှာ သေနတ်ဒဏ် ရာရရှိထားကြောင်းနှင့် အဆိုပါတဲ ၏ အရှေ့ဘက်ကိုက် ၂ဝဝ ခန့် အကွာရှိ တောင်ယာတဲဘေးအနီး ပက်လက်ကုလားထိုင်ပေါ်၌ စော ဖုဒီး(ခ)လူပျိုကြီးဆိုသူမှာ ဦးခေါင်း ပွင့်ဒဏ်ရာဖြင့် သေဆုံးနေသည် ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြေပုံမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွား  

မြေပုံ၊ ဇွန် ၎

မြေပုံမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မြေ ပုံမြို့နယ် ချောင်းကြီးကျေးရွာအုပ် စု ကံ့ကော်ချောင်း ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းဘေး ဘယ်ညာနှစ်ဖက်တွင် ဇွန် ၄ ရက် နံနက်ပိုင်းက မြေမြှုပ်မိုင်းနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြေ ပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံ စမ်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အမျိုးဘာသာ သာသနာအရေး ဦးဝီရသူအတွက် မေတ္တာပို့ဆုတောင်းပွဲ မော်လမြိုင်မြို့တွင် ကျင်းပ  

မော်လမြိုင်၊ ဇွန် ၎

အမျိုးဘာသာသာသနာအရေးနှင့် ဦးဝီရသူအတွက် ဝတ်ပြုဆုတောင်းပွဲကို ဇွန် ၄ ရက် မွန်းလွဲ ၂ နာရီတွင် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နယ်မြေရှိ ကျိုက်သလ္လံ စေတီတော်ရင်ပြင်၌ ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နောက် ဆရာတော်ဦးပညာသာရမှ မေတ္တာပို့ဆုတောင်းသည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်ပြည်နယ်ရှိ ငါးမြို့နယ်တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် နှစ်လထပ်တိုး

စစ်တွေ၊ ဇွန် ၃

ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ကျောက် တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို နှစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ ''နောက်ထပ်နှစ်လထပ်မံတိုးလိုက်တာ ဟုတ်ပါတယ်။ လုံခြုံရေးအရ စိတ်ချယုံကြည်ရတဲ့ အနေအထား မရှိသေးလို့ပေါ့'' ဟု ၎င်းင်းက ဒီမိုကရေစီတူဒေးသို့ ဇွန် ၃ ရက်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တာချီလိတ်မြို့တွင် နန်းနန်းဘွန်းကျောက် ရွှေဆိုင် (၂) အနုကြမ်းစီးခံရ၊ မျက်နှာဖုံး စွပ်ထားသူနှစ်ဦး သေနတ်ပြပြီး ရွှေ ၈ဝ ကျပ်သားခန့် ယူဆောင်သွား  

ရန်ကုန်၊ ဇွန် ၃

တာချီလိတ်မြို့ ပေါ်တွင် ဖွင့်လှစ်ရောင်းချနေသည့် နန်းနန်းဘွန်းကျောက်ရွှေဆိုင် (၂)ထဲကို နေ့ခင်းကြောင်တောင် မျက်နှာဖုံးစွပ်ထားသူနှစ်ဦး ဝင်ရောက်ကာ သေနတ်ပြပြီး ရွှေထည် ၈ဝကျပ်သားခန့် ယူဆောင်သွားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ် ကွက်၊ အိမ်အမှတ်(၇/၁၁)၊ ဗိုလ်ချုပ် လမ်းမကြီးဘေး၊ မဲခေါင်မြစ်ဟိုတယ် အနီး နန်းနန်းဘွန်းကျောက်ရွှေဆိုင် (၂)ထဲသို့ ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ ခန့်က သေနတ်ကိုင် ဆောင်ထားသူ လူနှစ်ဦးဝင်ရောက် လာခဲ့ကြောင်း တာချီလိတ်မြို့မရဲ စခန်းထံမှ စုံစမ်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဂွေ့ကြီးချောင်းရေကျော်တွင် ယာဉ်တစ်စီးမျောပါပြီး သဲအတွင်း နစ်မြုပ်

တပ်ကုန်း၊ ဇွန် ၃ 

နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဇွန် ၂ ရက် ညနေပိုင်းက မိုးကြီးစွာရွာသွန်းပြီး တောင်ကျရေ ကြမ်းသည့် ဂွေ့ကြီးချောင်းရေကျဆင်းလာချိန်တွင် တပ်ကုန်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်း၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ဂွေ့ကြီး ကျေးရွာအနီးရှိ ချောင်းကူးရေ ကျော်တွင် ဖြတ်သန်းမောင်းနှင်သည့် ယာဉ်တစ်စီးချောင်းရေနှင့်အတူ မျောပါသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ မကွေးဆေးတက္ကသိုလ်သို့ သက်မဲ့ခန္ဓာ လှူဒါန်းသူ ၃ဝ၅ ဦးရှိ သက်မဲ့ခန္ဓာအလှူရှင်များ လိုအပ်နေသေး ဟုဆို  

မကွေး၊ ဇွန် ၂

မကွေးဆေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ လေ့လာသင်ကြားနိုင်ရန်အတွက် အသက်မဲ့ခန္ဓာကိုယ်လှူဒါန်းသူ ၃ဝ၅ဦးရှိပြီး ခန္ဓာကိုယ်အလှူရှင်များ လိုအပ်နေသေးကြောင်း မကွေးဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနမှသိရသည်။ မကွေးဆေးတက္ကသိုလ်၌ ၂ဝ၁၂ ခုနှစ်မှစတင်၍ သက်မဲ့ခန္ဓာ ကိုယ်လှူဒါန်းမှုများကိုလက်ခံခဲ့ပြီး ၂ဝ၁၂ခုနှစ်တွင်လေးဦး ၊ ၂ဝ၁၃ ခု နှစ်တွင်လေးဦး ၊ ၂ဝ၁၄ ခုနှစ်တွင် ခုနှစ်ဦး ၊ ၂ဝ၁၅ ခုနှစ်တွင် ၁၂ဦး၊ ၂ဝ၁၆ ခုနှစ်တွင်၂၂ ဦး ၊၂ဝ၁၇ ခုနှစ် တွင် ၃၂ ဦး ၊ ၂ဝ၁၈ ခုနှစ်တွင် ၁၅၁ ဦး ၊ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှ မေလ ၃ဝ ရက်ထိ ၇၃ ဦး စုစုပေါင်း ၃ဝ၅ ဦးရှိကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...