HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မြန်မာယူ -၂၃ အသင်း အပြီးသတ် လူစာရင်း နည်းပြချုပ် ပိုပေါ့ဗ် ထုတ်ပြန်

ရန်ကုန်

ဗီယက်နမ်ယူ- ၂၃ အသင်းနှင့် ခြေစမ်းမည့် မြန်မာယူ-၂၃ အသင်း အပြီးသတ် လူစာရင်းနည်းပြချုပ်ပိုပေါ့ဗ် ထုတ် ပြန်ခဲ့သည်။ မြန်မာယူ-၂၃ အသင်းသည် ဇွန် ၅ ရက် ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ပြီး ဇွန် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ဗီယက်နမ်ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းသည် ဗီယက်နမ်ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲအတွက် ပဏာမကစားသမား ၂၆ ဦးအနက် လက်ရွေးစင်အသင်းကြီးသို့ စေလွှတ်ပေးခဲ့ရသည့် ဝင်းမိုးကျော်၊ ဒဏ်ရာ ပြဿနာရှိနေသည့် နန်းထိုက်ဇော်၊ တိုက်စစ်မှူး စအောင် ပြည့်ကိုတို့ကို အပြီးသတ် လူစာရင်းမှ ချန်လှပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အိုင်ဗရီကို့စ်နောက်ခံလူ မိုကာလူးကို ဧရာဝတီ ယူနိုက်တက်အသင်း ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်

အိုင်ဗရီကို့စ် နောက်ခံလူ မိုကာလူးကို ဧရာဝတီ ယူနိုက်တက်အသင်း ရာသီဝက်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်သည်။ MPT မြန်မာနေရှင်နယ်လိဂ် ၂ဝ၁၉ အမှတ်ပေးပြိုင်ပွဲ ဒု-အ ကျော့ ပွဲစဉ်များအတွက် ပြင်ဆင်လျက်ရှိသည့် ဧရာဝတီယူနိုက်တက်အသင်းသည် ခြေချင်းဝတ်အရိုး ကျိုးဒဏ်ရာကြောင့် စာချုပ်ဖျက် သိမ်းခဲ့သည့် ဗဟိုနောက်ခံလူ အီဖား အစား မိုကာလူးကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အဓမ္မမှုဖြင့် စွပ်စွဲခံနေရသော်လည်း ကိုပါဖလားတွင် နေမာ ပါဝင်မည်

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ရန် လုပ် ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသော်လည်း ကိုပါအမေရိကဖလားယှဉ် ပြိုင်မည့်အသင်းမှ ၎င်းင်းကိုချန်လှပ် မည်မဟုတ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကာဘော့လိုက ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ရီးရဲလ်မက်ဒရစ် သမိုင်းမှာ တန်ကြေးအမြင့်ဆုံးနဲ့ ဘင်ဇီမာလက်သစ် ဂျိုဗစ် ဖြစ်လာမှာလား  

လူကာဂျိုဗစ် ဆိုတာ ဘယ်သူလဲ

ကစားသမားဘဝကို ဆားဘီးယားနဲ့ဆိုက်ပ ရပ်စ်တို့မှာစတင်ခဲ့ပြီး ၁၈ နှစ်အရွယ် ၂ဝ၁၆ ခုနှစ် မှာ ပေါင် ၆ သန်းနဲ့ ပေါ်တူဂီကလပ်ဘင်ဖီကာကို ပြောင်းခဲ့ခြင်းက သူ့ဘဝအတွက်အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။ တစ်နှစ်အကြာမှာ ဘင်ဖီကာကနေ ဘွန်ဒက်စ်လီဂါကလပ်ဖရန့်ဖတ်ကို အငှားနဲ့ပြောင်း ရွှေ့ခဲ့ခြင်းက အောင်မြင်မှုတွေအတွက် လမ်းစဖြစ် ခဲ့ပါတယ်။ ဖရန့်ဖတ်မှာကစားခဲ့တဲ့ ပထမရာသီမှာ နည်းပြကိုဗက်ရဲ့ဦးဆောင်မှုနဲ့အတူ ဂျာမန်ပိုကယ် ဖလားရခဲ့သလို မနှစ်ကရာသီမှာလည်း ယူရိုပါလိဂ် မှာ ဆီမီးအဆင့်အထိတက်ခဲ့ပါတယ်။ မနှစ်ကရာ သီမှာ လိဂ်ပွဲ ၃၂ ကစားခဲ့တာမှာ ၁၇ ဂိုးသွင်းယူ နိုင်ခဲ့ပြီး လီဝန်ဒေါစကီးနဲ့ အဲလ်ကာဆာတို့နောက် မှာ တတိယမြောက်ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ် ခဲ့သလို ယူရိုပါလိဂ်မှာလည်း ၁၄ ပွဲကစားခဲ့တာမှာ ၁ဝ ဂိုး အထိသွင်းယူနိုင်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

နေးရှင်းလိဂ်တွင် အောင်မြင်မှုရရေးက အရေးပါကြောင်း စတာလင်း ဆို

မန်စီးတီးကွင်းလယ်လူစတာလင်းက နေးရှင်းလိဂ်တွင် အောင်မြင်မှုရရေးက နောက်ထပ်အောင်မြင်မှုများအတွက် များစွာအရေးပါလာမည်ဖြစ်ရာ ပြိုင်ပွဲတွင်ဗိုလ်စွဲနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။  အင်္ဂလန်အသင်းသည် အိမ်ကွင်းတွင်ကျင်းပခဲ့သော ၁၉၆၆ နောက်ပိုင်း ဆုဖလားအောင်မြင်မှုများနှင့် ဝေးကွာနေ ခဲ့သည်မှာ ၅၃ နှစ်ကြာခဲ့ပြီဖြစ်ပြီး ၂ဝ၁၈ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီးနောက် ယခုအခါ နေးရှင်းလိဂ်တွင်လည်း ဆီမီးအဆင့်သို့ ရောက်ရှိနေသည်။

ဆက်လက်ဖတ်ရှုရန် ...

မန်ယူအသင်းကို အောင်မြင်မှုများ ပြန်ယူပေးနိုင်ကြောင်း မာရာဒိုနာ ဆို  

အာဂျင်တီးနားဂန္ထဝင်ကစား သမားမာရာဒိုနာက မန်ယူအသင်းမှာ လက်ရှိတွင် ကွင်းပြင်ပ၌ အောင်မြင်နေဆဲဖြစ်သော်လည်း ကွင်းတွင်းဆုဖလားအောင်မြင်မှုများရရှိရန် လိုအပ်နေသည်ဖြစ်၍ မိမိသာ မန်ယူနည်းပြဖြစ်လာပါက ယခင်အောင်မြင်မှုများကို ပြန်လည်ရယူပေးနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ကလပ်ပြိုင်ဆိုင်မှုများက နိုင်ငံအသင်းကို သက်ရောက်မှု မရှိဟု ပီပီပြောကြား၊ ပေါ်တူဂီကို ဆွစ်ဇာလန် အနိုင်ယူနိုင်စွမ်းရှိဟု နည်းပြဟောင်း ဟစ်ဇ်ဖဲလ် ခန့်မှန်း  

ပေါ်တူဂီနောက်ခံလူပီပီက ကလပ်အသင်းအဆင့်တွင် ပေါ်တိုနှင့် ဘင်ဖီကာတို့အကြား ပြိုင်ဆိုင်မှုပြင်းထန်ခြင်းက လက်ရွေးစင်အသင်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ဘဲ ဆွစ်ဇာလန်နှင့်ကစားရမည့် နေးရှင်းလိဂ်ပွဲတွင် ပေါ်တိုပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကိုမြင်တွေ့ရမည်ဟုယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အဖြစ် ဆွစ်ဇာလန်နှင့်ပေါ်တူဂီတို့ကစားမည့်ပွဲကို ပေါ်တိုအသင်း၏ အိမ်ကွင်းတွင်ကျင်းပပြုလုပ် မည်ဖြစ်ရာ ပရိသတ်များ၏ထောက်ခံအား ပေးမှုကိုမြင်တွေ့ရရန် ပီပီကမျှော်လင့်နေ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

နောက်ဆုံးကလပ် ကမ္ဘာ့ဖလားနှစ်ကြိမ်ကို ကာတာတွင် ကျင်းပမည်  

ဖီဖာက ကြီးမှူးကျင်းပသော ကလပ်ကမ္ဘာ့ဖလားကို ၂ဝ၂၁ခုနှစ် မှစတင်ကာ ပုံစံသစ်ဖြင့်ကျင်းပမည်ဖြစ်သော်လည်း စနစ်ဟောင်း အတိုင်းပြုလုပ်မည့် နောက်ဆုံးပြိုင်ပွဲနှစ်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ပြိုင်ပွဲဝင်အသင်းခုနစ်သင်း ပါဝင်သည့် ယခုပြိုင်ပွဲကို ၂ဝ၂၁ ခုနှစ်မှစတင်ကာ အသင်း ၂၄သင်း အထိ တိုးချဲ့ကျင်းပသွားရန်စီစဉ် နေသော်လည်း ၂ဝ၁၉နှင့် ၂ဝ၂ဝ ပြိုင်ပွဲများကို စနစ်ဟောင်းအတိုင်း ကျင်းပရန် ဖီဖာကဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...