HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဘိုင်ယန်မြူးနစ် နည်းပြ ကိုဗက်ရဲ့ ဖိအားတွေကို လျှော့ချနိုင်ခဲ့တဲ့ ဂျာမန် ပိုကယ်ဖလားအောင်မြင်မှု  

ဘိုင်ယန်မြူးနစ် နည်းပြ ကိုဗက်ရဲ့ ဖိအားတွေကို လျှော့ချနိုင်ခဲ့တဲ့ ဂျာမန် ပိုကယ်ဖလားအောင်မြင်မှု   

ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန် မြူးနစ်က လစ်ပ်ဇစ်ကို သုံးဂိုးပြတ်အနိုင်ယူပြီး သမိုင်းတစ်လျှောက် (၁၉) ကြိမ်မြောက် ပိုကယ်ဖလားအောင်မြင်မှုကို ရရှိသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လစ်ပ်ဇစ်ကို ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါတွေ့ဆုံမှု နှစ်ကြိမ်မှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ပိုကယ်ဖလားဗိုလ်လုပွဲမှာ တော့ လီဝန်ဒေါစကီ၊ ကိုမန်းတို့ရဲ့သွင်းဂိုးတွေနဲ့အတူ သုံးဂိုးပြတ်အနိုင်ရသွားခဲ့တာပါ။ လစ်ပ်ဇစ်ဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အောင်မြင်မှုကိုရှာဖွေနေတဲ့ လစ်ပ်ဇစ်ဟာ ဘိုင်ယန်မြူနစ်ကို ဂိုးသွင်းနိုင်မယ့်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေအသုံး မချနိုင်ခဲ့လို့ ပထမဆုံးဖြစ်လာမယ့် အောင်မြင်မှုနဲ့ လွဲချော်ခဲ့ရတာပဲဖြစ် ပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဒေါ့မွန်ကို ကျော်ဖြတ်ပြီး ခုနစ်ရာသီဆက်တိုက် ဘွန်ဒက်စ်လီဂါဆုဖလားကို ရယူနိုင်ခဲ့သလို ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာတော့ ၂ဝ၁၆ ခုနှစ်နောက်ပိုင်း ပြန်လည်ဗိုလ်စွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြည် တွင်းဆုဖလားနှစ်လုံးအောင်မြင်မှုဟာ ဒေါ့မွန်အသင်းရဲ့ ပြည်တွင်းဖလား နှစ်ခုစလုံးကို (၄)ကြိမ်ရရှိထားတဲ့ စံချိန်နဲ့တူညီသွားခဲ့တာပဲဖြစ်ပါတယ်။ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ လီဝန်ဒေါစကီးကတော့ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ် ခုနစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့အတူ (၇) ကြိမ် မြောက် ပိုကယ်ဖလားကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ သမိုင်းတစ်လျှောက် (၁၉) ကြိမ်မြောက်ပိုကယ်ဖလားဖြစ်ပြီး လီဝန်ဒေါစကီအတွက်ကတော့ (၇) ကြိမ် မြောက်လာခဲ့တာပါ။


အခုအောင်မြင်မှုက ဘိုင်ယန်မြူးနစ်နည်းပြကိုဗက်အတွက် ရာထူးတည်မြဲစေမယ့် အောင်မြင်မှုလို့ဆိုမယ်ဆိုရင်လည်း မမှားပါဘူး။ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်နည်းပြစဖြစ်လာတဲ့ ဘိုင်ယန်မြူးနစ်ဟာ ရာသီအစက ဆိုးရွားလှတဲ့အသင်းရဲ့ခြေစွမ်းကြောင့် နည်းပြရာထူးကထုတ်ပယ်ခံရဖို့ ဖိအားတွေရှိခဲ့ပေမယ့် ၂ဝ၁၉ ခုနှစ်အတွင်းမှာတော့ အသင်းကို အ ကောင်းဆုံးမောင်းနှင်နိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါဆုဖလားအပြင် ပိုကယ်ဖလားကိုပါ ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီအောင်မြင်မှုတွေဟာ နည်းပြကိုဗက်ရဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ခဲ့သလို လာမယ့်ရာသီ ဘိုင်ယန် မြူးနစ်အသင်းကို ထပ်မံကိုင်တွယ်ခွင့်ရစေမယ့် အာမခံချက်တစ်ခုလည်း ဖြစ်ပါတယ်။ လာမယ့်ရာသီမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ သက် ကြီးကစားသမားတွေအနားယူသွားပြီဖြစ်လို့ လူငယ်တွေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဦးမှာဖြစ်သလို ဥရောပပြိုင်ပွဲအောင်မြင်မှုကလည်း နည်းပြ ကိုဗက်အတွက် တွန်းအားတစ်ရပ်ဖြစ်လာနိုင်ဖွယ်ရှိနေတယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

#democracytoday

Rate this item
(0 votes)
back to top