HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကလပ်ပြိုင်ဆိုင်မှုများက နိုင်ငံအသင်းကို သက်ရောက်မှု မရှိဟု ပီပီပြောကြား၊ ပေါ်တူဂီကို ဆွစ်ဇာလန် အနိုင်ယူနိုင်စွမ်းရှိဟု နည်းပြဟောင်း ဟစ်ဇ်ဖဲလ် ခန့်မှန်း  

ကလပ်ပြိုင်ဆိုင်မှုများက နိုင်ငံအသင်းကို သက်ရောက်မှု မရှိဟု ပီပီပြောကြား၊  ပေါ်တူဂီကို ဆွစ်ဇာလန် အနိုင်ယူနိုင်စွမ်းရှိဟု နည်းပြဟောင်း ဟစ်ဇ်ဖဲလ် ခန့်မှန်း   

ပေါ်တူဂီနောက်ခံလူပီပီက ကလပ်အသင်းအဆင့်တွင် ပေါ်တိုနှင့် ဘင်ဖီကာတို့အကြား ပြိုင်ဆိုင်မှုပြင်းထန်ခြင်းက လက်ရွေးစင်အသင်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ဘဲ ဆွစ်ဇာလန်နှင့်ကစားရမည့် နေးရှင်းလိဂ်ပွဲတွင် ပေါ်တိုပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကိုမြင်တွေ့ရမည်ဟုယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အဖြစ် ဆွစ်ဇာလန်နှင့်ပေါ်တူဂီတို့ကစားမည့်ပွဲကို ပေါ်တိုအသင်း၏ အိမ်ကွင်းတွင်ကျင်းပပြုလုပ် မည်ဖြစ်ရာ ပရိသတ်များ၏ထောက်ခံအား ပေးမှုကိုမြင်တွေ့ရရန် ပီပီကမျှော်လင့်နေ ခြင်းဖြစ်သည်။

လတ်တလောအတွင်း ပေါ်တိုအသင်း ရုံးချုပ်အနီးတွင် ယာဉ်မောင်းနှင်ခဲ့သော ဘင်ဖီကာကစားသမားဂျာအိုဖိလစ်ကို ပေါ်တိုပရိသတ်များက လှောင် ပြောင်မှုများရှိခဲ့ရာ လာမည့် ပွဲတွင် ယင်းကဲ့သို့ခွဲ ခြားမှုများမရှိ စေရန် ပီပီ ကမျှော်လင့် နေသည်။   ပီပီက ''လက်ရွေးစင်အသင်း အတွက် ကျွန်တော် ပထမဆုံးအကြိမ် ကစားခဲ့စဉ်တုန်းက မြောက်ပိုင်းနဲ့ တောင် ပိုင်းကြားက ခြားနားမှု အနည်းငယ်ကို တွေ့ကြုံခဲ့ ရဖူးပါတယ်။ ဒါပေမဲ့ လက် ရွေးစင်အသင်းအ တွက် ကစားချိန် မှာတော့ ဒီလိုခြားနားမှုတွေမရှိ တော့ပါဘူး။ ပရိသတ် တွေရဲ့အားပေးမှုက အရေးပါတဲ့အတွက် မြောက်ပိုင်း သားတွေအနေနဲ့ လက်ရွေးစင်အသင်း ကို ထောက်ခံအားပေးကြမယ်လို့ မျှော် လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။


အခြားတစ်ဖက်တွင် ဆွစ်ဇာလန် နည်းပြဟောင်း ဟစ်ဇ်ဖဲလ်က နေးရှင်းလိဂ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရေး မှာ ပေါ်တူဂီနှင့် ဆွစ်ဇာလန်တို့တွင် ဆတူအခွင့်အရေးရှိနေပြီး ဆွစ်ဇာလန်အနေဖြင့် ပေါ်တူဂီကို အနိုင်ယူနိုင်စွမ်းရှိ ကြောင်း ခန့်မှန်းခဲ့သည်။  ဟစ်ဇ်ဖဲလ်သည် ၂ဝဝ၈မှ ၂ဝ၁၄အထိ ဆွစ်ဇာလန်နည်းပြအဖြစ် တာဝန်ယူခဲ့ သူဖြစ်ပြီး အသင်းအား ကမ္ဘာ့ဖလားခြေစစ် ပွဲနှစ်ကြိမ်အောင်မြင်စေခဲ့သူဖြစ်ရာ မျိုး ဆက်သစ်ကစားသမားများဖြင့် ပေါ်တူဂီ ကို အကောင်းဆုံးရင်ဆိုင်နိုင်စွမ်း ရှိကြောင်း ဆိုခဲ့သည်။


ဟစ်ဇ်ဖဲလ်က ''ဆွစ်ဇာလန် မှာ ထူးချွန်တဲ့ကစားသမားကောင်း တွေရှိပါတယ်။ သူတို့မှာ ဖာဘီယန်ရှား၊ ဆွန်မာ၊ ဇာခါ၊ ဆီဖာရို ဗစ်၊ ရှာကွီရီနဲ့ အမ်ဘိုလိုတို့ဟာ အရည်အချင်းရှိတဲ့ကစားသမား တွေပါ။ ဒီကစားသမားတွေဟာ ပေါ် တူဂီနဲ့ကစားဖူးကြပြီး နိုင်ပွဲတွေလည်း ရခဲ့ကြဖူးတဲ့အတွက် အခုလည်း ပေါ်တူဂီကို ဘယ်လိုအနိုင်ကစားရမလဲဆိုတာ သူတို့ သိပါတယ်။ အနိုင်ရမယ့်အခွင့်အရေးက နှစ်သင်းစလုံးမှာ ဆတူရှိပါတယ်''ဟု ပြော ကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top