HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မန်ယူအသင်းကို အောင်မြင်မှုများ ပြန်ယူပေးနိုင်ကြောင်း မာရာဒိုနာ ဆို  

မန်ယူအသင်းကို အောင်မြင်မှုများ ပြန်ယူပေးနိုင်ကြောင်း မာရာဒိုနာ ဆို   

အာဂျင်တီးနားဂန္ထဝင်ကစား သမားမာရာဒိုနာက မန်ယူအသင်းမှာ လက်ရှိတွင် ကွင်းပြင်ပ၌ အောင်မြင်နေဆဲဖြစ်သော်လည်း ကွင်းတွင်းဆုဖလားအောင်မြင်မှုများရရှိရန် လိုအပ်နေသည်ဖြစ်၍ မိမိသာ မန်ယူနည်းပြဖြစ်လာပါက ယခင်အောင်မြင်မှုများကို ပြန်လည်ရယူပေးနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ရလဒ်ဆိုးများကြောင့် မော်ရင်ဟိုကိုထုတ် ပယ်ခဲ့ပြီး ဆိုးလ်ရှားကိုခန့်အပ်ခဲ့ရာ၌ အစောပိုင်းတွင် ရလဒ်များ ကောင်းခဲ့သော်လည်း ရာသီနှောင်းပိုင်းရလဒ်ဆိုးများကြောင့် ယူရိုပါလိဂ်ဝင်ခွင့်သာရခဲ့ပြီး ဖလားလက် မဲ့ရာသီနှင့် ရင်ဆိုင်ခဲ့ရသည်။ မာရာဒိုနာက ''မန်ယူမှာလို နေတဲ့နည်းပြက ကျွန်တော့်လို နည်းပြမျိုးပါ။ သူတို့က ကမ္ဘာတစ်ဝန်းမှာ ဂျာစီတွေရောင်းနေရဆဲ ဖြစ်ပေမယ့် ဆုဖလားတွေရယူနိုင်ဖို့လိုအပ်နေပါတယ်။ ဒီလိုဆုဖလားတွေရဖို့ ကျွန်တော်လုပ်နိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။ ထို့အပြင် မာရာဒိုနာက မန်ယူတွင် မိမိနှစ်သက်သော ကစားသမားမှာ ဟာရဲရားဖြစ်ခဲ့ ပြီး ပေါ့ဘာမှာမူ လုံလောက်သော အားထုတ်မှုမရှိဟုထင်မြင်ကြောင်း ဆိုခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top