HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နေးရှင်းလိဂ်တွင် အောင်မြင်မှုရရေးက အရေးပါကြောင်း စတာလင်း ဆို

နေးရှင်းလိဂ်တွင် အောင်မြင်မှုရရေးက အရေးပါကြောင်း စတာလင်း ဆို

မန်စီးတီးကွင်းလယ်လူစတာလင်းက နေးရှင်းလိဂ်တွင် အောင်မြင်မှုရရေးက နောက်ထပ်အောင်မြင်မှုများအတွက် များစွာအရေးပါလာမည်ဖြစ်ရာ ပြိုင်ပွဲတွင်ဗိုလ်စွဲနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။  အင်္ဂလန်အသင်းသည် အိမ်ကွင်းတွင်ကျင်းပခဲ့သော ၁၉၆၆ နောက်ပိုင်း ဆုဖလားအောင်မြင်မှုများနှင့် ဝေးကွာနေ ခဲ့သည်မှာ ၅၃ နှစ်ကြာခဲ့ပြီဖြစ်ပြီး ၂ဝ၁၈ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီးနောက် ယခုအခါ နေးရှင်းလိဂ်တွင်လည်း ဆီမီးအဆင့်သို့ ရောက်ရှိနေသည်။

နေးရှင်းလိဂ်ဆီမီးဖိုင်နယ်တွင် နယ်သာလန်နှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး အနိုင်ရခဲ့ပါက နှစ် ၅ဝ ကျော်အတွင်း ပထမဆုံး အကြိမ်ဆုဖလားအောင်မြင်မှုရနိုင်မည် ဖြစ်ရာ ယခုပြိုင်ပွဲတွင် အောင်မြင်မှုရရန် စတာလင်းက ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။ စတာလင်းက ''နေးရှင်းလိဂ်မှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ဒါကကျွန်တော်တို့ကို ယုံကြည်မှုအများကြီးရစေ မှာပါ။ ဒီပြိုင်ပွဲမှာသာဗိုလ်စွဲခဲ့ရင် လာမယ့်ယူရိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ တွေမှာလည်း အလားတူအောင် မြင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ဖြစ်စေမှာပါ။ အကောင်းဆုံးကစားသမားတွေ၊ အကောင်းဆုံးအသင်း တွေနဲ့ မကြာခဏကစား ပြီး တိုးတက်မှုရှိလာခြင်းက နောက်ပြိုင်ပွဲအတွက် အထောက် အကူပြုလာ မှာပါ''ဟု ပြောကြားခဲ့သည်။


ထို့အပြင်စတာလင်းက ဆီမီးဖိုင်နယ်တွင်ရင်ဆိုင်ရမည့် နယ်သာလန်မှာခက်ခဲသော ပြိုင်ဘက်အသင်းဖြစ်သော်လည်း နောက်ဆုံးကစားခဲ့သော ခြေစမ်းပွဲတွင် အနိုင်ရခဲ့သည့်အတွက် ယခုတစ်ကိမ်တွင်လည်း အလားတူစွမ်း ဆောင်နိုင်မည်ဟုယုံကြည်ချက်ရှိထားကြောင်း ပြောဆိုခဲ့သည်။ အခြားတစ်ဖက်တွင် မန်စီးတီးကွင်းလယ်လူ ဖာဘီယန်ဒဲလ်က ပြီးခဲ့သောချန် ပီယံလိဂ်တွင် အချေအတင် စကားများခဲ့သည်မှာ မှန် သော်လည်း အင်္ဂလန်အသင်း ဖော်ဟယ်ရီကိန်းနှင့်မိမိအကြား မည်သည့်ပြဿနာ မျှရှိမနေဟု ပြောကြားခဲ့သည်။


ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပ-အကျော့အ ဖြစ် မန်စီးတီး နှင့်စပါးတို့ ရင်ဆိုင်ခဲ့ရချိန်တွင် ဟယ်ရီကိန်းနှင့် ဖာဘီယန် ဒဲလ်တို့မှာ ဘောလုံး ယှဉ်လုရာ မှ ထိခိုက်မှုရှိခဲ့ကြပြီး ကစားသမားနှစ်ဦးမှာ အပြန်အလှန်စကားများခဲ့ကြသည်။ သို့ရာ တွင်ဒဲလ်က ''ကိန်းနဲ့ ကျွန်တော်က အတော် လေးရင်းနှီး ပါတယ်။ အဲဒီတုန်းက ဘယ် ဖြစ်သွားမှန်းသေ ချာမသိပေမယ့် နှစ်ယောက်စလုံး ထိခိုက်နာကျင်ခဲ့ရသလို နှစ်ယောက်စလုံးအနားယူ ခဲ့ရတာပါ။ အဲဒီပွဲအပြီးမှာကတည်းက သူနဲ့ကျွန်တော် စကား ပြောဆိုခဲ့လို့ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှမရှိပါဘူး''ဟု ဆိုခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top