HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ရီးရဲလ်မက်ဒရစ် သမိုင်းမှာ တန်ကြေးအမြင့်ဆုံးနဲ့ ဘင်ဇီမာလက်သစ် ဂျိုဗစ် ဖြစ်လာမှာလား  

ရီးရဲလ်မက်ဒရစ် သမိုင်းမှာ တန်ကြေးအမြင့်ဆုံးနဲ့ ဘင်ဇီမာလက်သစ် ဂျိုဗစ် ဖြစ်လာမှာလား   

လူကာဂျိုဗစ် ဆိုတာ ဘယ်သူလဲ

ကစားသမားဘဝကို ဆားဘီးယားနဲ့ဆိုက်ပ ရပ်စ်တို့မှာစတင်ခဲ့ပြီး ၁၈ နှစ်အရွယ် ၂ဝ၁၆ ခုနှစ် မှာ ပေါင် ၆ သန်းနဲ့ ပေါ်တူဂီကလပ်ဘင်ဖီကာကို ပြောင်းခဲ့ခြင်းက သူ့ဘဝအတွက်အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။ တစ်နှစ်အကြာမှာ ဘင်ဖီကာကနေ ဘွန်ဒက်စ်လီဂါကလပ်ဖရန့်ဖတ်ကို အငှားနဲ့ပြောင်း ရွှေ့ခဲ့ခြင်းက အောင်မြင်မှုတွေအတွက် လမ်းစဖြစ် ခဲ့ပါတယ်။ ဖရန့်ဖတ်မှာကစားခဲ့တဲ့ ပထမရာသီမှာ နည်းပြကိုဗက်ရဲ့ဦးဆောင်မှုနဲ့အတူ ဂျာမန်ပိုကယ် ဖလားရခဲ့သလို မနှစ်ကရာသီမှာလည်း ယူရိုပါလိဂ် မှာ ဆီမီးအဆင့်အထိတက်ခဲ့ပါတယ်။ မနှစ်ကရာ သီမှာ လိဂ်ပွဲ ၃၂ ကစားခဲ့တာမှာ ၁၇ ဂိုးသွင်းယူ နိုင်ခဲ့ပြီး လီဝန်ဒေါစကီးနဲ့ အဲလ်ကာဆာတို့နောက် မှာ တတိယမြောက်ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ် ခဲ့သလို ယူရိုပါလိဂ်မှာလည်း ၁၄ ပွဲကစားခဲ့တာမှာ ၁ဝ ဂိုး အထိသွင်းယူနိုင်ခဲ့ပါတယ်။

ဘယ်လို တိုက်စစ်မှူးမျိုးလဲ

ဂျိုဗစ်ဟာ ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတစ် ဦးဆိုတာမှန်ပေမယ့် ခေါင်းတိုက်စွမ်းရည်၊ ပင်နယ် တီဧရိယာအတွင်း ရွေ့လျားကစားမှုနဲ့ နေရာယူမှု တွေကြောင့် သာမန်တိုက်စစ်မှူးတစ်ဦးထက်ပိုတဲ့ အရည်အသွေးတွေရှိနေပါတယ်။ တည်ကန်ဘော တွေမှာ သူ့ကိုလူကပ်ကစားနေတဲ့ ပြိုင်ဘက်ကစား သမားတွေကို မျက်ခြည်ဖြတ်ရာမှာလည်း ကျွမ်းကျင် တဲ့အပြင် ကြံ့ခိုင်မှုပိုင်းမှာလည်းကောင်းမွန်ပါတယ်။ လီဝန်ဒေါစကီးနဲ့ တီဗက်ဇ်ပေါင်းစပ်ထားတဲ့ ကစားသမားမျိုးလို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။


ဆွာရက်ဇ်လက်သစ်ကစားသမားလား

ဆားဘီးယားလက်ရွေးစင်အသင်းနည်းပြ ကာ စတာဂျစ်ကတော့ မနှစ်ကရာသီတုန်းက ဘာစီလိုနာ တိုက်စစ်မှူးဆွာရက်ဇ်နဲ့ နှိုင်းယှဉ်ချီးကျူးခဲ့ဖူးပါ တယ်။ ''သူက ဆွာရက်ဇ်လိုကစားသမားမျိုးလို့ ကျွန်တော်ဆိုချင်ပါတယ်။ ဘောလုံးကိုထိန်းချုပ်မှု ကောင်းပြီး ပွဲကိုလည်း ကောင်းကောင်းနားလည်တဲ့ ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတစ်ဦးပါ။ ဂိုးသွင်း နိုင်မယ့်အခွင့်အရေးကို အမြဲချောင်းမြောင်းနေတဲ့ကစားသမားမျိုးဖြစ်ပြီး ပြိုင်ဘက်ကိုအန္တရာယ်ပေးနိုင်တဲ့ကစားသမားမျိုး''လို့ ဆိုခဲ့ဖူးပါတယ်။


သူ့ကိုခေါ်ယူဖို့ ဘယ်အသင်းတွေစိတ်ဝင်စားခဲ့သလဲ

ဖရန့်ဖတ်မှာ အငှားနဲ့ကစားနေတုန်း ပြသနိုင် ခဲ့တဲ့ခြေစွမ်းအရ ဥရောပထိပ်သီးအသင်းတွေရဲ့စိတ် ဝင်စားမှုခံခဲ့ရပြီး ဒီအသင်းတွေထဲမှာ ဘာစီလိုနာနဲ့ ဘိုင်ယန်တို့ပါဝင်ခဲ့ပါတယ်။ ဒီသတင်းတွေကြောင့် လည်း ဆားဘီးယားနည်းပြက ဂျိုဗစ်ကို ဘာစီလိုနာ မှာ မြင်တွေ့ချင်ခဲ့တာပါ။ စပိန်မီ ဒီယာတွေရဲ့ဖော်ပြ ချက်အရ ဘာစီလိုနာဟာ ဂျိုဗစ်ကိုရဖို့ ပေါင်သန်း ၅ဝ ကျော်ပေးပြီးကမ်း လှမ်းခဲ့ပေမယ့် အပြီး သတ်မခေါ်နိုင် ခဲ့တဲ့နောက် ရီးရဲလ်အ သင်းက ကြားဖြတ်ခေါ် ယူသွားတာဖြစ် တယ်လို့ဆိုပါတယ်။


ဂျိုဗစ်အတွက် အကျိုးအမြတ်ကိုဘယ်အသင်းရခဲ့သလဲ

ပုံမှန်အရ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဖရန့်ဖတ်နဲ့ အငှားစာချုပ်သက်တမ်းကုန် ဆုံးတဲ့အချိန်မှာ ဂျိုဗစ်ဟာ ဘင်ဖီကာ ကစားသမားတစ်ဦးအဖြစ် တရားဝင်ရှိ နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့အငှားသဘော တူစာချုပ်ထဲမှာ ဂျိုဗစ်ကိုပေါင်ခြောက်သန်း ထဲနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ပါ နေတာကြောင့် ဒီအခွင့်အရေးကိုအသုံးချပြီး ဖရန့်ဖတ်ကအချိန်တိုအတွင်းမှာ အကျိုးအ မြတ်ရှာနိုင်ခဲ့တာဖြစ်ပါတယ်။


ဘင်ဇီမာရဲ့နေရာကို ဂျိုဗစ်အစားထိုးနိုင်မှာလား

ရီးရဲလ်အနေနဲ့ သမိုင်းတစ် လျှောက်မှာ တိုက်စစ်မှူးတစ်ဦးအတွက် ငွေအများဆုံးသုံးစွဲခဲ့တာပြင် သစ်တိုက်စစ်မှူးဘင်ဇီမာအတွက်ဖြစ်ပါတယ်။ ၂၁ နှစ်အရွယ် ဘင်ဇီမာကို ခေါ်ယူခဲ့တုန်းက ပေါင် ၂၇ သန်း နီးပါးပေးခဲ့ရပေမယ့် ဘင်ဇီမာဟာ တန်ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး အခုထိလည်း ရီးရဲလ်အတွက် လက်ကျန်ခြေစွမ်းကောင်းကို ပြသနေဆဲဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ တတိယဂိုးသွင်းအကောင်းဆုံးနဲ့ ယူရိုပါလိဂ်မှာ ဒုတိယဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ဂျိုဗစ်ဟာ ရီးရဲလ်နဲ့ ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့တာကြောင့် ရီးရဲလ်ဟာ ဘင်ဇီမာရဲ့နေရာမှာ အစားထိုးဖို့ သူ့ကိုခေါ်ယူခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ အချိန် တိုအတွင်းမှာ အငှားကစားသမားဘဝက နေ ဘာနေဗျူးအထိရောက်လာခဲ့တဲ့ ဂျိုဗစ်အနေနဲ့ စပိန်မြေမှာ အောင်မြင်မှု တွေရယူနိုင်မလားဆိုတာ စိတ်ဝင်စား ဖို့ကောင်းနေပါပြီ။

TRA

#democracytoday

Rate this item
(0 votes)
back to top