HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အဓမ္မမှုဖြင့် စွပ်စွဲခံနေရသော်လည်း ကိုပါဖလားတွင် နေမာ ပါဝင်မည်

အဓမ္မမှုဖြင့် စွပ်စွဲခံနေရသော်လည်း ကိုပါဖလားတွင်  နေမာ ပါဝင်မည်

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ရန် လုပ် ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသော်လည်း ကိုပါအမေရိကဖလားယှဉ် ပြိုင်မည့်အသင်းမှ ၎င်းင်းကိုချန်လှပ် မည်မဟုတ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကာဘော့လိုက ပြောကြားခဲ့သည်။

နေမာသည် လူမှုမီဒီယာများတွင် အပြန်အလှန်မက်ဆေ့ခ်ျများ ပေးပို့ခဲ့ပြီးနောက် အဆိုပါအမျိုးသမီးကို ပါရီသို့လာရန်ဖိတ်ခေါ်ခဲ့ ပြီး ဟိုတယ်တစ်ခုတွင် အလိုမတူဘဲ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ ကြောင်းစွပ်စွဲမှုများရှိခဲ့သည်။ သို့ရာတွင် ဥက္ကဋ္ဌကာဘော့လိုက ''နေမာကို ကိုပါအမေရိက ပြိုင်ပွဲကို ခေါ်မသွားစရာ ဘာအ ကြောင်းမှမရှိပါဘူး။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ အနီးကပ်စောင့် ကြည့်နေပြီး နေမာအပေါ်မှာ ယုံကြည်မှုရှိထားပါတယ်။ သူဟာ ထိပ်တန်းကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်လို့ သူ့ကို အနှောင့်အယှက်ပေးတာမျိုးတွေ လည်းဖြစ်နိုင်ပါတယ်''ဟု ပြောဆိုခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top