HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အိုင်ဗရီကို့စ်နောက်ခံလူ မိုကာလူးကို ဧရာဝတီ ယူနိုက်တက်အသင်း ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူ

အိုင်ဗရီကို့စ်နောက်ခံလူ မိုကာလူးကို ဧရာဝတီ ယူနိုက်တက်အသင်း ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်

အိုင်ဗရီကို့စ် နောက်ခံလူ မိုကာလူးကို ဧရာဝတီ ယူနိုက်တက်အသင်း ရာသီဝက်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်သည်။ MPT မြန်မာနေရှင်နယ်လိဂ် ၂ဝ၁၉ အမှတ်ပေးပြိုင်ပွဲ ဒု-အ ကျော့ ပွဲစဉ်များအတွက် ပြင်ဆင်လျက်ရှိသည့် ဧရာဝတီယူနိုက်တက်အသင်းသည် ခြေချင်းဝတ်အရိုး ကျိုးဒဏ်ရာကြောင့် စာချုပ်ဖျက် သိမ်းခဲ့သည့် ဗဟိုနောက်ခံလူ အီဖား အစား မိုကာလူးကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

''ဧရာဝတီအသင်းက ဒီနှစ်မှာ ပြင်ဆင်အားကောင်းတဲ့အသင်း ဖြစ်သလို ကစားသမားကောင်းတွေ လည်းရှိတယ်။ ပထမအကျော့က သူတို့နဲ့ ရင်ဆိုင်ရတာ တကယ်ကိုခက်ခဲပါတယ်။ အခုတော့ မျက်လှည့် ပြလိုက်သလိုပါပဲ ဒီအသင်းကိုရောက် လာပါပြီ''ဟု မိုကာလူးက ဆိုခဲ့သည်။


အိုင်ဗရီကို့စ် နောက်ခံလူ မို ကာလူးသည် မြန်မာနေရှင်နယ် လိဂ် အတွေ့အကြုံရင့်ကစားသမား တစ်ဦးဖြစ်ပြီး ရတနာပုံအသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းတို့ တွင် ပါဝင်ကစားခဲ့ဖူးပြီး ၂ဝ၁၉ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီ ဒု-အကျော့တွင် ဧရာဝတီ ယူနိုက်တက်အသင်းကို ရောက်ရှိ လာသူဖြစ်သည်။ MPT  မြန်မာနေရှင်နယ်လိဂ် ၂ဝ၁၉ အမှတ်ပေးပြိုင်ပွဲ ပထမအကျော့တွင် ဧရာဝတီယူနိုက် တက်အသင်းသည် ပွဲစဉ် (၁၁)ပွဲ ကစားပြီး ရမှတ် ၁၈ မှတ်ဖြင့် အဆင့်ခြောက်နေရာတွင်ရပ်တည် နေသော်လည်း အမှတ်ပေးဇယား ထိပ်အသင်းနှင့် သုံးမှတ်သာကွာဟ နေသည်။

NTL

#democracytoday

Rate this item
(0 votes)
back to top