HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မြန်မာယူ -၂၃ အသင်း အပြီးသတ် လူစာရင်း နည်းပြချုပ် ပိုပေါ့ဗ် ထုတ်ပြန်

မြန်မာယူ -၂၃ အသင်း အပြီးသတ် လူစာရင်း နည်းပြချုပ် ပိုပေါ့ဗ် ထုတ်ပြန်

ရန်ကုန်

ဗီယက်နမ်ယူ- ၂၃ အသင်းနှင့် ခြေစမ်းမည့် မြန်မာယူ-၂၃ အသင်း အပြီးသတ် လူစာရင်းနည်းပြချုပ်ပိုပေါ့ဗ် ထုတ် ပြန်ခဲ့သည်။ မြန်မာယူ-၂၃ အသင်းသည် ဇွန် ၅ ရက် ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ပြီး ဇွန် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ဗီယက်နမ်ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းသည် ဗီယက်နမ်ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲအတွက် ပဏာမကစားသမား ၂၆ ဦးအနက် လက်ရွေးစင်အသင်းကြီးသို့ စေလွှတ်ပေးခဲ့ရသည့် ဝင်းမိုးကျော်၊ ဒဏ်ရာ ပြဿနာရှိနေသည့် နန်းထိုက်ဇော်၊ တိုက်စစ်မှူး စအောင် ပြည့်ကိုတို့ကို အပြီးသတ် လူစာရင်းမှ ချန်လှပ်ခဲ့သည်။

ဗီယက်နမ်ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် တောင်ကိုရီယားလူမျိုး ကင်ဟန်ယွန်းက ကိုင်တွယ်မည်ဖြစ်ပြီး မြန်မာယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲအတွက် ခြေစွမ်းထက်သည့် လူငယ်ကစားသမား များဖြင့် ဗီယက်နမ်ယူ-၂၃ အသင်းကို ဖွဲ့စည်းထားကြောင်းသိရ သည်။ 


မြန်မာယူ-၂၃ အသင်း အပြီးသတ် လူစာရင်း

ဂိုး                 - ဘုန်းသစ္စာမင်း၊ ဆန်းဆက် နိုင်၊ စိုးအာကာ
နောက်တန်း  -  ရဲရင့်အောင်၊ ဟိန်း ဖြိုးဝင်း၊ ရဲမင်းသူ၊ ဇင်ရဲနောင်၊ သူရိန် စိုး၊ ဇွဲထက်မင်း၊ ကျော်သူထွန်း
အလယ်တန်း - မျိုးမင်းဖြိုး၊ လွင် မိုးအောင်၊ မြတ်ကောင်းခန့်၊ အောင် နိုင်ဝင်း၊ ကောင်းထက်စိုး၊ ကျော်မျိုး နိုင်၊ နေမိုးနိုင်၊ ဇင်မင်းထွန်း၊ စိုးလွင် လွင်၊ ဟိန်းထက်အောင်
ရှေ့တန်း       - ဝင်းနိုင်ထွန်း၊ ထက်ဖြိုး ဝေ၊ အောင်ကောင်းမာန်

 

NTL

#democracytoday

Rate this item
(0 votes)
back to top