HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ချဲလ်ဆီးနည်းပြသစ် ရာထူးအတွက် လမ်းပတ်သာ အသင့်လျော်ဆုံးဟု ဂျွန်တယ်ရီ ထောက်ခံ  

ချဲလ်ဆီးနည်းပြသစ် ရာထူးအတွက် လမ်းပတ်သာ အသင့်လျော်ဆုံးဟု ဂျွန်တယ်ရီ ထောက်ခံ   

လစ်လပ်နေသည့် ချဲလ်ဆီးနည်းပြသစ်ရာထူးအတွက် အသင်း ဖော်ဟောင်းလမ်းပတ်ကသာ အထိုက်တန်ဆုံးနည်းပြဖြစ်ကြောင်း ချဲလ်ဆီးအသင်းခေါင်းဆောင် ဟောင်းဂျွန်တယ်ရီက ထောက်ခံ ပြောကြားလိုက်သည်။  ချဲလ်ဆီးအသင်းသည် နည်း ပြဆာရီနှင့်လမ်းခွဲခဲ့ပြီးနောက် လမ်းပတ်ဖြင့် ပြန်လည်အစားထိုး ရန်စီစဉ်နေသော်လည်း ဆွေးနွေးမှုမှာ အဆုံးမသတ်နိုင်သေးသော ကြောင့် နည်းပြသစ်ခန့်အပ်ရန်မှာ နှောင့်နှေးလျက်ရှိသည်။

(၄၁) နှစ် အရွယ်လမ်းပတ်သည် ပြီးခဲ့သည့် ရာသီက ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကိုကိုင်တွယ်ခဲ့ရာ ရလဒ် ကောင်းများရရှိခဲ့ပြီး ပရီးမီးယားလိဂ်သို့ တန်းပြန်တက်ခွင့်ရလုနီးပါအောင်မြင်ခဲ့သည်။ ထို့အတွက် ကြောင့် ချဲလ်ဆီးအသင်းခေါင်း ဆောင်ဂျွန်တယ်ရီက ''လမ်းပတ်က ဒါဘီအသင်းနဲ့အတူအကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်။ ချဲလ်ဆီးအသင်းကလည်း အပြောင်းအရွှေ့ကိစ္စတွေ ပိတ်ခံထားရတယ်ဆို တော့ အခုချိန်မှာ ချဲလ်ဆီးနည်းပြ ရာထူးအတွက် လမ်းပတ်လောက် ပိုသင့်တော်တဲ့ သူမရှိဘူးလို့ထင်ပါတယ်။ ကစားသူမားဘဝတုန်းက ဝက်စ်ဟမ်းကနေ ချဲလ်ဆီးကို စပြောင်းလာတော့ အစမှာတော် တော်လေးအဆင်မပြေဘူး။ ဒါပေမယ့် အကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့တာပဲ''ဟု ထောက်ခံသွားခဲ့ ခြင်းဖြစ်သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top