HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဂျူဗင်တပ်သို့ပြောင်းရွှေ့ရန် နောက်ခံလူ ဒီလစ် အကြိုသဘောတူညီမှု ရခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာ  

ဂျူဗင်တပ်သို့ပြောင်းရွှေ့ရန် နောက်ခံလူ ဒီလစ် အကြိုသဘောတူညီမှု ရခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာ   

ယခုနွေရာသီဈေးကွက်အတွင်း ဥရောပ ထိပ်တန်းအသင်းများ ခေါ်ယူရန်ပစ်မှတ်ထား နေသော အေဂျက်ဇ်နောက်ခံလူ ဒီလစ်သည် ဂျူဗင်တပ်အသင်းသို့ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ အီတလီသတင်းများ၏ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းသည် ဒီလစ်အားမကြာမီ အပြီးသတ်ခေါ်ယူနိုင်တော့မည်ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ဒီလစ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက အေဂျက်ဇ်အသင်းခေါင်းဆောင်အဖြစ် အထူးခြေ စွမ်းပြခဲ့ပြီး ချန်ပီယံဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်အပြင် ပြည်တွင်းဆု ဖလားနှစ်လုံးကိုလည်း ရယူနိုင်ခဲ့သူဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းင်းအား ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် မန်ယူအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ်အသင်းက ကြားဖြတ်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။


ဒီလစ်သည် နယ်သာလန်အသင်းနှင့်အတူ ဥရောပနေရှင်းလိဂ်ပြိုင်ပွဲတွင် ပေါ်တူဂီ အသင်းနှင့်ရင်ဆိုင်ကစားခဲ့ရာ စီရော်နယ်ဒိုက ၎င်းင်းနှင့်အတူ ဂျူဗင်တပ်သို့လာရောက်ကစား ရန်ဖိတ်ခေါ်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။ ယခုအခါ ဂျူဗင်တပ်အသင်းနှင့် တစ်နှစ်လုပ်ခ လစာ ပေါင် ၇ ဒသမ ၂ သန်းအပြင် အပိုဆု ကြေးများဖြင့် အကြိုသဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့ကြသည်။

KKW

#democracytoday

Rate this item
(0 votes)
back to top