HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ပဲလေ့စ်နောက်ခံလူ ဘစ်ဆာကာ ကို မန်ယူအသင်း အပြီးသတ်ခေါ်ယူနိုင်ခဲ့၊ မန်ယူအသင်း၏ ပဉ္စမမြောက် ဈေးအကြီးဆုံး ကစားသမားဖြစ်လာခဲ့

ပဲလေ့စ်နောက်ခံလူ ဘစ်ဆာကာ ကို မန်ယူအသင်း အပြီးသတ်ခေါ်ယူနိုင်ခဲ့၊ မန်ယူအသင်း၏ ပဉ္စမမြောက် ဈေးအကြီးဆုံး ကစားသမားဖြစ်လာခဲ့

မန်ယူအသင်းသည် ယခုနွေရာသီတွင် ဒုတိယမြောက်ကစားသမားသစ် ခေါ်ယူမှုအဖြစ် ခရစ္စတယ်ပဲလေ့စ်မှ လူငယ်နောက်ခံလူ ဘစ်ဆာကာကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်းသိရသည်။ မန်ယူအသင်းသည် ဘစ်ဆာကာအတွက် ပြောင်းရွှေ့ကြေးပေါင် သန်း ၅ဝ ဖြင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းင်းသည် ပေါ့ဘာ၊ လူကာကူ၊ ဒီမာရီယာ၊ ဖရက်တို့နောက်တွင် မန်ယူအသင်း၏ ဈေးအကြီးဆုံးပဉ္စမမြောက်ကစားသမားဖြစ်လာခဲ့သည်။

မန်ယူအသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် ဘစ်ဆာကာသည် အပြီးသတ်ဆေးစစ်ရန်အတွက် မန်ချက်စတာမြို့ရှိလိုဝီဟိုတယ်သို့ ဇွန် ၂၆ ရက်က ရောက်ရှိလာကာ ဇွန် ၂၇ ရက်တွင် အပြီးသတ်စာချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် ဘစ်ဆာကာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅ဝ ဖြင့် သဘောတူခဲ့ခြင်း ဖြစ်သော်လည်း ပေါင် ၄၅ သန်းကိုသာ ကနဦးပေးချေခဲ့ရပြီး နောက်ထပ်ပေါင် ငါးသန်းအား ၎င်းင်း၏ခြေစွမ်းအပေါ်မူတည် ၍ထပ်မံပေးချေရမည်ဖြစ်သည်။ ဘစ်ဆာကာ၏အပြောင်းအရွှေ့တွင် တိုက်စစ်မှူးဇာဟာလည်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့ကြောင်းသိရသည်။


ဇာဟာသည် ၂ဝ၁၃ ခုနှစ်က ခရစ္စ တယ်ပဲလေ့စ်မှမန်ယူအသင်းသို့ ပေါင် ၁၅ သန်းဖြင့်ပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်အကြာတွင် ပေါင်ခြောက်သန်းဖြင့် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ပြန်လည်ပြောင်း ရွှေ့ခဲ့ရာမန်ယူအသင်းအနေဖြင့် ဇာဟာ၏ အပြောင်းအရွှေ့မှန်သမျှတွင် ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်မှု သဘောတူညီမှု ပါရှိခဲ့သည်။ ယခုအခါမန်ယူအသင်းသည် ဘစ်ဆာကာကိုခေါ်ယူမှုတွင် ဇာဟာအတွက် ပိုင်ဆိုင်မှု ၂၅ ရာခိုင်နှုန်းကို ပယ်ဖျက်ပေးခဲ့ရခြင်းဖြစ်သည်။


၂၁ နှစ်အရွယ်သာရှိသေးသည့် ဘစ်ဆာကာသည် ပြီးခဲ့သည့်ရာသီက ပဲလေ့စ်တွင် အထူးခြေစွမ်းပြနိုင်ခဲ့သူဖြစ် ပြီး မန်ယူအသင်းတွင် တစ်ပတ်လုပ်ခလစာအဖြစ် ပေါင် ၈ဝဝဝဝ ရရှိမည် ဖြစ်သည်။ မန်ယူနည်းပြဆိုးလ်ရှားသည် လာမည့်ရာသီအတွက် လူငယ်များဖြင့် တည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်ပြီး ဘစ်ဆာကာသည် မန်ယူအသင်း၏ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုဖြစ်ပြီး ယင်းမတိုင်မီက ဆွမ်ဆီးအသင်းမှ ဝေးလ်ကွင်း လယ်လူ ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူထားနိုင်သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top